ဗြိတိန်မှာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်၊ ၄ ဦးသေဆုံး

0
275

ဗြိတိန်ပါလီမန်အဆောက်အဦးနားမှာမတ်လ၂၂ရက်နေ့ကအကြမ်းဖက်တိုက်ခိုက်သူတစ်ဦးကလမ်းပေါ်သွားလာနေသူတွေကိုကားနဲ့လိုက်တိုက်ပြီးရဲအရာရှိတစ်ဦးကိုလည်းဓါးနဲ့ထိုးခံခဲ့ရတဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဓါးနဲ့အထိုးခံရတဲ့ ရဲအရာရှိအပါအ၀င် လူလေးဦးသေဆုံးခဲ့ပြီး လူပေါင်း အယောက် ၄၀ ၀န်းကျင်ဒဏ်ရာရှိခဲ့ပါတယ်။

အကြမ်းဖက်သမားဟာ အခင်းဖြစ်ပွားစဉ်မှာ ၀က်မင်စတာတံတားပေါ်မှာရှိတဲ့မြို့ခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ကားနဲ့လိုက်တိုက်ခဲ့တာဖြစ်ပြီး ရဲအရာရှိတစ်ဦးကို ၀က်မင်စတာခမ်းမ အရှေ့မှာပဲဓါးနဲ့ထိုးသတ်သွားခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်သမားဟာအခင်းဖြစ်ပွားစဉ်မှာပဲရဲတွေရဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ပါတယ်။

ရဲတွေရဲ့အဆိုအရ အဲဒီအကြမ်းဖက်သမားဟာ တစ်ဦးတည်းလှုပ်ရှားတာဖြစ်ပြီး အခင်းဖြစ်ပွားစဉ်မှာ အကျီင်္အနက်ရောင်ကိုဝတ်ဆင်ထားတယ်လို့ဆိုပါတယ်။အဲဒီအကြမ်းဖက်မှုဖြစ်ပွားစဉ်မှာဗြိတိန်ဝန်ကြီး

ချုပ်ထရီဇာမေ ဟာ အခင်းဖြစ်ပွားရာနေရာနဲ့ ကိုက် ၄၀ အကွာမှာရှိနေခဲ့တယ်လို့ဆိုပါတယ်။ လက်ရအချိနှ်ိမှာရဲတပ်ဖွဲ့တွေဟာ အဲဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးလူတချို့ကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)