မြန်မာ ဒုက္ခသည်အရေး ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ UNHCR တွေ့မယ်

0
262

မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေး၊ နိုင်ငံမဲ့နေသူများကို အသိအမှတ်ပြု လက်မှတ်ပေးရေးနဲ့ ရွှေ့ပြောင်း ဝင်ရောက်သူများ အရေးတွေ ဆွေးနွေးဖို့ UNHCR နဲ့ ထိုင်းဝန်ကြီးချုပ်တို့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ၊ ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သာဝိ နတ်နိယွမ်တို့နဲ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာ့ ဒုက္ခသည်များ အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

အင်ဒိုချိုင်းနား ဒေသမှာ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး၊ မြန်မာဒုက္ခသည်များကို ခိုလှုံခွင့် ပေးရေး၊ ရခိုင်ပြည်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်များကို ခိုလှုံခွင့်ပေးရေးတွေကို UNHCR နဲ့ ပူးတွဲ လုပ်ဆောင်နေပါတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မနေ့က မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်အရေးမှာ ထိုင်းဟာ ကြားနေပြီး ဝင်ရောက်မစွက်ဖက်တဲ့မူကို သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းဟာ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခု ဖွင့်ခွင့်ပေးထားပြီး ဒုက္ခသည် ၁ သိန်းလောက် ခိုလှုံနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)