IS အကြမ်းဖက်အဖွဲ့ တိုက်ဖျက်ရေးအတွက် နိုင်ငံပေါင်း ၆၈ နိုင်ငံက ကိုယ်စားလှယ်တွေ အမေရိကန်နိုင်ငံမှာတွေ့ဆုံ

0
292

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် ဦးဆောင်ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ အိုင်အက်စ်တိုက်ဖျက်ရေးညွှန့်ပေါင်းအဖွဲ့ ရဲ့အစည်းအဝေးပွဲကို မတ်လ ၂၂ ရက်နေ့က ၀ါရှင်တန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို နိုင်ငံပေါင်း ၆၈ နိုင်ငံကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီး အိုင်အက်စ် အဖွဲ့ချေမှုန်းရေးအတွက် ဘုံသဘော တူညီချက်တွေချမှတ်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ အိုင်အက်စ်အဖွဲ့နဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွှန့်ပေါင်းအစည်းအဝေးလည်းဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ်ဟာအိုင်အက်စ်အဖွဲ့ချေမှုန်းရေးအစီအစဉ်ကိုဦစားပေးကိစ္စရပ်အဖြစ်သတ်မှတ်ထားပြီးပင်တဂွန်စစ်ဌာနချုပ်နဲ့အခြားစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း အိုင်အက်စ်အဖွဲ့ကိုတိုက်ခိုက်ဖို့ အစီအစဉ်တွေ ရေးဆွဲထားခိုင်းသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိုင်အက်စ်အဖွဲ့ ဟာ အီရတ် နဲ့ ဆီးရီးယားစစ်မြေပြင်မှာ အမေရိကန်၊ တူရကီ နဲ့ ရုရှားနိုင်ငံတွေကထောက်ပံ့ပေးထားတဲ့တပ်ဖွဲ့တွေနဲ့ရင်ဆိုင်နေရပြီးသူတို့ရဲ့နယ်မြေတွေကိုပြန်လည်ဆုံးရှုံးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)