ညစ်ညမ်း ရုပ်ရှင်တွေကို ဘာသာရေးလိုင်းမှာ မှားယွင်းပြသမိ

0
426

ပြီးခဲ့တဲ့တနင်္လာနေ့က ညစ်ညမ်းရုပ်ရှင်တွေကို ဘာသာရေးလိုင်းမှာ မှားယွင်းပြသမိခဲ့တာဟာ စေတန်နတ်ဆိုးရဲ့လှည့်ဖျားမှု ကြောင့်ဖြစ်တယ်လို့ ဆီနီဂေါ်နိုင်ငံက တူဘာဘာသာရေး ရုပ်သံလိုင်းရဲ့တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

ရုပ်သံလိုင်းကွန်ယက်မှာ ဗိုင်းရပ်စ်ပိုးဝင်ခဲ့တာကြောင့် ဖြစ်ခဲ့တာပါလို့ ပုဂ္ဂလိကပိုင်တူဘာရုပ်သံလိုင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။ တူဘာရုပ်သံလိုင်းဟာ ဆီနီဂေါ်နိုင်ငံမှာ မှုရိုက်အစ္စလာမ်မစ် ဂိုဏ်းဝင်အများအပြား အားပေးတဲ့ ဘာသာရေးရုပ်သံလိုင်း တစ်ခုပဲဖြစ် ပါတယ်။

ညစ်ညမ်းရုပ်ရှင်ထုတ်လွှင့်မှုဟာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး လူကြည့်များတဲ့ ရုပ်သံအစီအစဉ်တစ်ခု ထုတ်လွှင့်ချိန်မှာ ပြသမိခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်သံလိုင်းရဲ့ ထုတ်လွှင့်ခန်းကို ဘယ်လိုဝင်ရောက်ပြီး ညစ်ညမ်းရုပ်ရှင်ထုတ်လွှင့်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဆီနီဂေါ်နိုင်ငံမှာ တူဘာရုပ်သံလိုင်းတည်ရှိတဲ့ တူဘာမြို့ဟာ နိုင်ငံရေးနဲ့စီးပွားရေးအရအရေး ပါတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)