ဒေါ်နယ်လ်ထရန့်ရဲ့သားက လန်ဒန်မြို့တော်ဝန်ကို ဝေဖန်ပြစ်တင်

0
317

လူငါးဦးသေဆုံးခဲ့ရပြီး အနည်းဆုံး လူ ၄၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လန်ဒန်မြို့အကြမ်းဖက်မှုဖြစ်ပွားပြီးမကြာခင်မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့သားက လန်ဒန်မြို့တော်ဝန်ဆာဒစ်ခမ်းကို ဝေဖန်ပြောကြားလိုက်ပါတယ်။

မနှစ်က လန်ဒန်မြို့တော်ဝန်ပြောခဲ့တဲ့ အကြမ်းဖက်မှုက ကမ္ဘာ့မြို့ကြီးတိုင်းရဲ့အစိတ်အပိုင်းလိုဖြစ်လာနေတယ်ဆိုတဲ့ စကားပါတဲ့ ဆောင်းပါးကို တွစ်တာမှာ ပြန်ရှယ်ပြီး ဂျုနီယာဒေါ်နယ်လ်ထရန့်က ဝေဖန်ရေးသားခဲ့တာပါ။ တကယ်တော့ မြို့တော်ဝန်ဆိုလိုတဲ့ စကားကို တစိတ်တပိုင်းအဓိပ္ပါယ်ဆွဲယူပြီး သူက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေက ၀မ်းနည်းကြေကွဲမှုပြသနေကြချိန်မှာ အခုလိုဝေဖန် လိုက်တာကြောင့် အမေရိကန်သမ္မတကြီးရဲ့သားတစ်ဦးအနေနဲ့ ဝေဖန်စရာဖြစ်လာခဲ့ရပါတယ်။

အကြမ်းဖက်သမားက ကားတစ်စီးကို ၀က်စ်မင်စတာတံတားပေါ်က လူသွားလမ်းပေါ်ကို မောင်းတက်ခဲ့ပြီးနောက်မှာ သူ့ကိုတား ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓါးနဲ့အသေအကြေတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်ကို အကြမ်းဖက်သမားက သေနတ်နဲ့အသေစ်သတ်ခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်တွေ ဖြစ်ပွားပြီး နှစ်နာရီအကြာမှာ ဂျုနီယာထရန့်က ၂၀၁၆ခုနှစ်၊ စက်တင်ဘာလအတွင်းက Independent သတင်းစာမှာဖော်ပြခဲ့ပြီး လန်ဒန်မြို့တော်ဝန်ရဲ့ပြောစကားပါတဲ့ ဆောင်းပါးကို တွစ်တာ မှာ ပြန်ရှယ်ပြီး ဝေဖန်လိုက်တာဖြစ်ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)