ဖိလစ္ပိုင္ တပ္ဖြဲ႔ေတြ တ႐ုတ္မွာ ေလ့က်င့္သင္ၾကားမယ္

0
947

စစ္ေရးေလ့က်င့္မႈေတြအတြက္ အေမရိကန္ တစ္ႏုိင္ငံတည္းကို မီွခိုေနမယ့္အစား တ႐ုတ္ႏိုင္ငံဆီ တပ္ဖြဲ႔ဝင္ေတြ ေစလႊတ္မယ္လို႔ ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေျပာလုိက္ပါတယ္။

ဖိလစ္ပိုင္ စစ္သား အမ်ားစုဟာ စစ္ေရးေလက်င့္မႈအတြက္ အေမရိကန္ကုိ ေရြးခ်ယ္ခဲ့ၿပီး ဖိလစ္ပိုုင္ စစ္သားေတြဟာ အေမရိကန္ကို လိုလားေနတယ္လို႔ သမၼတ ဒူတာေတးက ေျပာပါတယ္။ ဒါေပမယ့္ ထိန္းညိွမႈေတြ လုပ္ႏုိင္ဖို႔ ဖိလစ္ပိုင္ စစ္သား ေနာက္ထပ္ အသုတ္ေတြကို တ႐ုတ္ႏုိင္ငံဆီ ပို႔ရမယ္လို႔ ေျပာခဲ့ပါတယ္။

တ႐ုတ္စစ္ေရး ကၽြမ္းက်င္သူေတြက ဖိလစ္ပုိင္ သမၼတရဲ႕ ေျပာဆုိခ်က္ကို ႀကိဳဆုိလုိက္ပါတယ္။ ဖိလစ္ပိုင္ သမၼတရဲ႕ လုပ္ရပ္ဟာ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား ဆက္ဆံေရး ျပန္ထိန္းညိွႏိုင္မယ့္ လုပ္ရပ္ ျဖစ္တယ္လို႔ တ႐ုတ္ စစ္ေရးကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံဟာ အင္အားႀကီး ၂ ႏိုင္ငံၾကား ဆက္ဆံေရးကို ထိန္းညိွႏိုင္ဖုိ႔ ႀကိဳးစားေနတာ ျဖစ္တယ္လုိ႔ တ႐ုတ္စစ္ေရးကၽြမ္းက်င္သူ က်ဴ လီပင္က ေျပာပါတယ္။ တ႐ုတ္နဲ႔ ဖိလစ္ပိုင္ႏုိင္ငံတုိ႔ဟာ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈ မလုပ္ခင္ အၾကမ္းဖက္တုိက္ဖ်က္ေရး လုပ္ငန္းေတြ ပူးေပါင္းေဆာင္ရြက္မႈ စတင္ရမယ္လုိ႔  တ႐ုတ္ စစ္ေရးကၽြမ္းက်င္သူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် တပ်ဖွဲ့တွေ တရုတ်မှာ လေ့ကျင့်သင်ကြားမယ်

စစ်ရေးလေ့ကျင့်မှုတွေအတွက် အမေရိကန် တစ်နိုင်ငံတည်းကို မှီခိုနေမယ့်အစား တရုတ်နိုင်ငံဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်လို့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောလိုက်ပါတယ်။

ဖိလစ်ပိုင် စစ်သား အများစုဟာ စစ်ရေးလေကျင့်မှုအတွက် အမေရိကန်ကို ရွေးချယ်ခဲ့ပြီး ဖိလစ်ပိုင် စစ်သားတွေဟာ အမေရိကန်ကို လိုလားနေတယ်လို့ သမ္မတ ဒူတာတေးက ပြောပါတယ်။ ဒါပေမယ့် ထိန်းညှိမှုတွေ လုပ်နိုင်ဖို့ ဖိလစ်ပိုင် စစ်သား နောက်ထပ် အသုတ်တွေကို တရုတ်နိုင်ငံဆီ ပို့ရမယ်လို့ ပြောခဲ့ပါတယ်။

တရုတ်စစ်ရေး ကျွမ်းကျင်သူတွေက ဖိလစ်ပိုင် သမ္မတရဲ့ ပြောဆိုချက်ကို ကြိုဆိုလိုက်ပါတယ်။ ဖိလစ်ပိုင် သမ္မတရဲ့ လုပ်ရပ်ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပြန်ထိန်းညှိနိုင်မယ့် လုပ်ရပ် ဖြစ်တယ်လို့ တရုတ် စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အင်အားကြီး ၂ နိုင်ငံကြား ဆက်ဆံရေးကို ထိန်းညှိနိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ တရုတ်စစ်ရေးကျွမ်းကျင်သူ ကျူ လီပင်က ပြောပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မလုပ်ခင် အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု စတင်ရမယ်လို့ တရုတ် စစ်ရေးကျွမ်းကျင်သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)