ဂ်ပန္မွာ ေျမာက္ကိုရီးယား လိုလားသူ အုပ္စုကို  ဂ်ပန္ ၂ ဦး ပစ္ခတ္တိုက္ခုိက္

0
939

ဂ်ပန္ႏုိင္ငံ၊ တုိက်ိဳၿမိဳ႕ရွိ ေျမာက္ကိုရီးယား အဖြဲ႔အစည္းကို ဂ်ပန္ႏုိင္ငံသား ၂ ဦးက  ပစ္ခတ္ တိုက္ခိုက္ခဲ့တာေၾကာင့္ ဂ်ပန္ႏုိင္ငံသား ႏွစ္ဦးကို ဖမ္းဆီးခဲ့ပါတယ္။

ရဲေတြရဲ႕အဆိုအရ ဂ်ပန္ႏုိင္ငံသား ႏွစ္ဦးဟာ ေျမာက္ကိုရီးယား လုိလားတဲ့အုပ္စု ေနထုိင္တဲ့ ကိုရီးယား အိမ္ယာကို ေသနတ္နဲ႔ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့တယ္လို႔ ေျပာပါတယ္။ ပစ္ခတ္ခဲ့သူေတြဟာ အသက္ ၄၆ ႏွစ္ အရြယ္နဲ႔ အသက္ ၅၆ ႏွစ္အရြယ္ ရွိသူတို႔ျဖစ္ၿပီး လက္ယာစြန္း တက္ၾကြလႈပ္ရွားသူေတြ ျဖစ္ပါတယ္။  

ဂ်ပန္ႏုိင္ငံသား ႏွစ္ဦးက ကားေပၚကေန ေသနတ္နဲ႔ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့တာျဖစ္ၿပီး  အေဆာက္အဦးတံခါး ပ်က္စီးခဲ့ၿပီး ထိခုိက္ဒဏ္ရာရတာ မရွိပါဘူး။

သူတို႔ရဲ႕ လုပ္ရပ္နဲ႔ ပတ္သက္ၿပီး အေသးစိတ္ မသိရေသးဘူးလို႔ ဂ်ပန္ရဲေတြက ေျပာပါတယ္။ ကင္းလွည့္ေနတဲ့ရဲေတြက ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ ေနရာမွာပဲ  ပစ္ခတ္သူေတြကို ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံဟာ ေျမာက္ကိုရီးယားနဲ႔ သံတမန္ ဆက္ဆံေရး မရွိေပမယ့္ ဂ်ပန္ႏုိင္ငံ အတြင္းမွာေတာ့ ေျမာက္ကိုရီးယားလုိလားသူ ေထာင္ခ်ီ ေနထုိင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ မြောက်ကိုရီးယား လိုလားသူ အုပ်စုကို ဂျပန် ၂ ဦး ပစ်ခတ်တိုက်ခိုက်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြောက်ကိုရီးယား အဖွဲ့အစည်းကို ဂျပန်နိုင်ငံသား ၂ ဦးက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဂျပန်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ရဲတွေရဲ့အဆိုအရ ဂျပန်နိုင်ငံသား နှစ်ဦးဟာ မြောက်ကိုရီးယား လိုလားတဲ့အုပ်စု နေထိုင်တဲ့ ကိုရီးယား အိမ်ယာကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်ခဲ့သူတွေဟာ အသက် ၄၆ နှစ် အရွယ်နဲ့ အသက် ၅၆ နှစ်အရွယ် ရှိသူတို့ဖြစ်ပြီး လက်ယာစွန်း တက်ကြွလှုပ်ရှားသူတွေ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား နှစ်ဦးက ကားပေါ်ကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆောက်အဦးတံခါး ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ သူတို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးဘူးလို့ ဂျပန်ရဲတွေက ပြောပါတယ်။ ကင်းလှည့်နေတဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာပဲ ပစ်ခတ်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေး မရှိပေမယ့် ဂျပန်နိုင်ငံ အတွင်းမှာတော့ မြောက်ကိုရီးယားလိုလားသူ ထောင်ချီ နေထိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)