ရဝမ္ဒါ ဒုကၡသည္စခန္း ဆႏၵျပမႈ ဒုကၡသည္ ၅ ဦးေသဆံုး၊  ၂၀ ဒဏ္ရာရ

0
907

ရဝမ္ဒါႏုိင္ငံ ခိုလံႈေရးစခန္း တစ္ခုမွာ စားနပ္ရကၡာ ေလွ်ာ့လိုက္တာနဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈျဖစ္လို႔ ကြန္ဂို ဒုကၡသည္ ၅ ဦး ေသဆံုးၿပီး လူ ၂၀ ဒဏ္ရာရသြားပါတယ္။

ဆႏၵျပတဲ့ ဒုကၡသည္ေတြနဲ႔ ရဲေတြၾကား ထိပ္တုိက္ေတြ႔ခဲ့ၿပီး ရဲ ၇ ဦး ဒဏ္ရာရခဲ့ပါတယ္။ ရဝမ္ဒါႏုိင္ငံရွိ ကုလသမဂၢ႐ံုး အျပင္ဘက္မွာ ဒုကၡသည္ ၃၀၀၀ ေက်ာ္ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔ကတည္းက စု႐ံုးေရာက္ရွိကာ ဆႏၵျပခဲ့တာျဖစ္ၿပီး  ရဲေတြက ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔မွာ မ်က္ရည္ယိုဗံုးေတြနဲ႔ ၿဖိဳခြင္းခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။  

ရဲအရာရွိတစ္ဦးက လံုၿခံဳေရး တပ္ဖြဲ႔ေတြဟာ သတိေပးမႈေတြ လုပ္ခဲ့ၿပီးေနာက္ အင္အားသံုးခဲ့ရတယ္လို႔ ေျပာပါတယ္။ ဆႏၵျပမႈအတြင္း ဒုကၡသည္ ၁၅ ဦး ဖမ္းဆီးခံရတယ္လို႔ ေဒသခံမီဒီယာေတြကာ ေျပာပါတယ္။

ရဝမ္ဒါႏုိင္ငံမွာ ကြန္ဂိုႏုိင္ငံက ဒုကၡသည္ေတြ လာေရာက္ေနထုိင္ေနၿပီး အဲဒီဒုကၡသည္ေတြဟာ ရဝမ္ဒါအေနာက္ပိုင္း ကာရြန္ဂီနဲ႔ ကီဇီဘာၿမိဳ႕က ဒုကၡသည္စခန္းကို စြန္႔ခြာၿပီး ေပးေဝေနတဲ့ အစားစာ ၂၅ ရာခုိင္ႏႈန္း ေလွ်ာ့ခံရတာကို ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။ ရဝမ္ဒါရွိ ဒုကၡသည္စခန္းေတြမွာ ကြန္ဂို ဒုကၡသည္ အိမ္ေထာင္စုေပါင္း ၁၇၀၀၀ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရဝမ်ဒါ ဒုက္ခသည်စခန်း ဆန္ဒပြမှု ဒုက္ခသည် ၅ ဦးသေဆုံး၊ ၂၀ ဒဏ်ရာရ

ရဝမ်ဒါနိုင်ငံ ခိုလှုံရေးစခန်း တစ်ခုမှာ စားနပ်ရက္ခာ လျှော့လိုက်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်လို့ ကွန်ဂို ဒုက္ခသည် ၅ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရသွားပါတယ်။

ဆန္ဒပြတဲ့ ဒုက္ခသည်တွေနဲ့ ရဲတွေကြား ထိပ်တိုက်တွေ့ခဲ့ပြီး ရဲ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဝမ်ဒါနိုင်ငံရှိ ကုလသမဂ္ဂရုံး အပြင်ဘက်မှာ ဒုက္ခသည် ၃၀ဝ၀ ကျော် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတည်းက စုရုံးရောက်ရှိကာ ဆန္ဒပြခဲ့တာဖြစ်ပြီး ရဲတွေက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲအရာရှိတစ်ဦးက လုံခြုံရေး တပ်ဖွဲ့တွေဟာ သတိပေးမှုတွေ လုပ်ခဲ့ပြီးနောက် အင်အားသုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဆန္ဒပြမှုအတွင်း ဒုက္ခသည် ၁၅ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံမီဒီယာတွေကာ ပြောပါတယ်။

ရဝမ်ဒါနိုင်ငံမှာ ကွန်ဂိုနိုင်ငံက ဒုက္ခသည်တွေ လာရောက်နေထိုင်နေပြီး အဲဒီဒုက္ခသည်တွေဟာ ရဝမ်ဒါအနောက်ပိုင်း ကာရွန်ဂီနဲ့ ကီဇီဘာမြို့က ဒုက္ခသည်စခန်းကို စွန့်ခွာပြီး ပေးဝေနေတဲ့ အစားစာ ၂၅ ရာခိုင်နှုန်း လျှော့ခံရတာကို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ရဝမ်ဒါရှိ ဒုက္ခသည်စခန်းတွေမှာ ကွန်ဂို ဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၇၀ဝ၀ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)