
0
846





>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်လီဖိုးနီးယားရှိ သုံးထပ် အဆောက်အအုံမှာ မီးအကြီးအကျယ်လောင်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် စီရင်စုရှိ သုံးထပ် အဆောက်အအုံ လူနေတိုက်ခန်းတွဲ တစ်ခုမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။

မီးသတ်သမား ၁၀ဝ ကျော်ဟာ မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုးပမ်းနေပြီး တိုက်ခန်းတွဲမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ အမေရိကန်မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အခုအခါ မီးဘေးသင့် ပြည်သူတွေကို ဒေသ အာဏာပိုင်တွေက လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးနေပြီး ကြက်ခြေနီအဖွဲ့ကလည်း အကူအညီတွေ ပေးနေပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသွားသူ တစ်ဦးရှိပြီး နီးစပ်ရာ ဆေးရုံကို တင်ပို့ပေးထားရကာ အခုအထိ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)