
0
853




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် အာမခံလုပ်ငန်း အကြီးအကဲကို တရားစွဲမယ်

တရုတ် အာမခံနဲ့ ဘဏ္ဍာရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ အန်ဘန်ရဲ့ အကြီးအကဲကို စီးပွားရေး ရာဇဝတ်မှုနဲ့ တရားစွဲမယ်လို့ အာမခံလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ပြောပါတယ်။

အန်ဘန် အာမခံ အုပ်စု အကြီးအကဲ ဝူ ရှောက်ဟွေကို မနှစ်က ဇွန်လမှာ ရာထူးက ဖယ်ရှားပြီး ထိန်းသိမ်းခံထားပြီး ဖြစ်ပါတယ်။ အန်ဘန် အာမခံ အုပ်စုကို တရုတ် အာမခံလုပ်ငန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လွှဲပြောင်း ယူထားပါတယ်။

အန်ဘန်လုပ်ငန်းက နယူးယောက်ရှိ ဝယ်လ်ဒေါ့ဖ် အက်စတိုးရီးယား ဟိုတယ် အပါအဝင် နိုင်ငံတကာမှာ ပိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ တရုတ်အာဏာပိုင်တွေက ငွေအလွန်အကျွံ ချေးယူခြင်းနဲ့ အန္တရာယ် ယူတာကို ကာကွယ်ဖို့ အန်ဘန် လုပ်ငန်းကို ခြေမှုန်းခဲ့တာ ဖြစ်ပါတယ်။ အန်ဘန်ဟာ ကားအာမခံ လုပ်ငန်းကနေ စတင်ခဲ့ပြီး တရုတ်မှာ အချမ်းသာဆုံးနဲ့ အကြီးဆုံး လုပ်ငန်းကြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)