ေတာင္ကိုရီးယားကိုလာမယ့္ ေျမာက္ကိုရီးယား ဗိုလ္ခ်ဳပ္ကို  ကြပ္မ်က္ဖုိ႔ေတာင္းဆုိ

0
246

ေတာင္ကိုရီးယား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အုိလံပစ္ၿပိဳင္ပြဲ ပိတ္ပြဲအခမ္းနားကို လာေရာက္မယ့္  ေျမာက္ကိုရီးယား ဗိုလ္ခ်ဳပ္ကို ကြပ္မ်က္ဖို႔ ေတာင္းဆုိခဲ့ပါတယ္။  

ေျမာက္ကိုရီးယား ဗိုလ္ခ်ဳပ္ ကင္ယန္ခ်ိဳလ္ဟာ ၂၀၁၀ ျပည့္ႏွစ္တုန္းက ေတာင္ကိုရီးယား စစ္သေဘၤာကို ႏွစ္ျမွဳပ္ပစ္မႈမွာ တာဝန္ရွိတယ္လို႔ စြပ္စြဲခံရကာ စစ္ရာဇဝတ္ ခံု႐ံုးတင္ဖို႔ ေတာင္းဆုိခံေနရသူ ျဖစ္ပါတယ္။

  ကင္ယန္ခ်ိဳလ္ ဦးေဆာင္တဲ့ ေျမာက္ကိုရီးယား ကိုယ္စားလွယ္အဖြဲ႔ဟာ ေတာင္ကိုရီးယား အုိလံပစ္ ပိတ္ပြဲ တက္ေရာက္ဖုိ႔ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ ေတာင္ကိုရီးယားႏုိင္ငံကို ေရာက္ရွိမွာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ ကင္ယန္ခ်ိဳလ္ဟာ ၿပီးခဲ့တဲ့ ၈ ႏွစ္ေက်ာ္က လူ ၄၆ ဦး ေသဆံုးေစခဲ့တဲ့ ေတာင္ကိုရီးယား သေဘၤာကို ေတာ္ပီဒုိ ဒံုးက်ည္နဲ႔ ပစ္ခတ္မႈမွာ အဓိက တာဝန္ရွိသူအျဖစ္ ေဝဖန္ခံေနရသူ ျဖစ္ပါတယ္။

ေတာင္ကိုရီးယား   လစ္ဘရယ္ ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ လႊတ္ေတာ္ ေဆာက္အဦးေရွ႕မွာ ဆႏၵျပခဲ့ၿပီး   ေျမာက္ကိုရီးယား ဗုိလ္ခ်ဳပ္ ကင္ ဦးေဆာင္လာမယ့္ ခရီးစဥ္ကို ဖ်က္သိမ္းဖို႔ ေတာင္းဆုိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားကိုလာမယ့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကို ကွပ်မျက်ဖို့တောင်းဆို

တောင်ကိုရီးယား လွှတ်တော်ကိုယ်စားလှယ်တွေက အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းနားကို လာရောက်မယ့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကို ကွပ်မျက်ဖို့ တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ဗိုလ်ချုပ် ကင်ယန်ချိုလ်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက တောင်ကိုရီးယား စစ်သင်္ဘောကို နှစ်မြှုပ်ပစ်မှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံရကာ စစ်ရာဇဝတ် ခုံရုံးတင်ဖို့ တောင်းဆိုခံနေရသူ ဖြစ်ပါတယ်။ ကင်ယန်ချိုလ် ဦးဆောင်တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယား အိုလံပစ် ပိတ်ပွဲ တက်ရောက်ဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ကင်ယန်ချိုလ်ဟာ ပြီးခဲ့တဲ့ ၈ နှစ်ကျော်က လူ ၄၆ ဦး သေဆုံးစေခဲ့တဲ့ တောင်ကိုရီးယား သင်္ဘောကို တော်ပီဒို ဒုံးကျည်နဲ့ ပစ်ခတ်မှုမှာ အဓိက တာဝန်ရှိသူအဖြစ် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ တောင်ကိုရီးယား လစ်ဘရယ် ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော် ဆောက်အဦးရှေ့မှာ ဆန္ဒပြခဲ့ပြီး မြောက်ကိုရီးယား ဗိုလ်ချုပ် ကင် ဦးဆောင်လာမယ့် ခရီးစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)