႐ုပ္သံထက္ ယူက်ဳေၾကာင့္ အေမရိကန္ ေက်ာင္းသားေတြ အိမ္စာ မၿပီး

0
895

႐ုပ္ျမင္သံၾကား အစီအစဥ္ေတြထက္ ယူက်ဳဟာ ကေလးေတြရဲ႕ အိမ္စာလုပ္ဖို႔ ကိစၥကို ပိုအေႏွာက္အယွက္ ေပးေနတယ္လို႔ စစ္တမ္းတစ္ခုက ေဖာ္ျပပါတယ္။

ပုဂၢလိက ေက်ာင္းေတြက ေက်ာင္းသူေက်ာင္းသားေတြဟာ အစိုးရေက်ာင္းက ေက်ာင္းသူေက်ာင္းသားေတြေလာက္ အိမ္စာေတြကို ၿပီးေအာင္ မလုပ္ႏိုင္ၾကေၾကာင္းလည္း ေလ့လာခ်က္မွာ ေတြ႔ရွိခဲ့ပါတယ္။

အသက္ ၁၁ ႏွစ္နဲ႔ ၁၅ ႏွစ္အရြယ္ ေက်ာင္းသားေက်ာင္းသူ ၂ ေထာင္ကို ေလ့လာၿပီး သူတို႔ရဲ႕ အိမ္စာ ၿပီးေျမာက္မႈ အေလ့အထကို စစ္တမ္းေကာက္ခဲ့တာ ျဖစ္ပါတယ္။ ေက်ာင္းသားေတြ အိမ္စာ ဘာေၾကာင့္ မၿပီးသလဲဆိုတာကို တံု႔ျပန္ၾကမွာ ၂၄ ရာခိုင္ႏႈန္းက ယူက်ဳေၾကာင့္ အိမ္စာ မလုပ္ျဖစ္တာလို႔ ေျဖၾကပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>

ရုပ်သံထက် ယူကျုကြောင့် အမေရိကန် ကျောင်းသားတွေ အိမ်စာ မပြီး

ရုပ်မြင်သံကြား အစီအစဉ်တွေထက် ယူကျုဟာ ကလေးတွေရဲ့ အိမ်စာလုပ်ဖို့ ကိစ္စကို ပိုအနှောက်အယှက် ပေးနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

ပုဂ္ဂလိက ကျောင်းတွေက ကျောင်းသူကျောင်းသားတွေဟာ အစိုးရကျောင်းက ကျောင်းသူကျောင်းသားတွေလောက် အိမ်စာတွေကို ပြီးအောင် မလုပ်နိုင်ကြကြောင်းလည်း လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။

အသက် ၁၁ နှစ်နဲ့ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူ ၂ ထောင်ကို လေ့လာပြီး သူတို့ရဲ့ အိမ်စာ ပြီးမြောက်မှု အလေ့အထကို စစ်တမ်းကောက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေ အိမ်စာ ဘာကြောင့် မပြီးသလဲဆိုတာကို တုံ့ပြန်ကြမှာ ၂၄ ရာခိုင်နှုန်းက ယူကျုကြောင့် အိမ်စာ မလုပ်ဖြစ်တာလို့ ဖြေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)