
0
912






>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခရစ္စမတ်မှာ တိုက်ခိုက်ဖို့ ကြံစည်တဲ့ မွတ်စလင် စုံတွဲ ထောင်ဒဏ် ချမှတ်

ခရစ္စမတ် အားလပ်ရက်မှာ IS အကြမ်းဖက်အဖွဲ့လို ဗုံးနဲ့ ဒါမှမဟုတ် အဆိပ်နဲ့ တိုက်ခိုက်ဖို့ ကြံစည်တဲ့ မွတ်စလင် စုံတွဲကို ထောင်ဒစ် ချမှတ်လိုက်ပါတယ်။

ဆူဒန်ကနေ လာရောက်ပြီး ခိုလှုံခွင့် တောင်းခံတဲ့ မူနီရာ မိုဟာမက်ကို ထောင် ၁၄ နှစ်နဲ့ သူ့အဖော် ဆေးဝါးပညာရာရှင် ရိုဝေဒါ အီလ် ဟတ်ဆန်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်တာပါ။ မိုဟာမက် (၃၆ နှစ်) နဲ့ ဟတ်ဆန် (၃၃ နှစ်) တို့ဟာ အွန်လိုင်း ဖူးစာရှာတဲ့ ဝက်ဘ်ဆိုက်ကတဆင့် တွေ့ဆုံပြီး လန်ဒန်မြောက်ပိုင်းမှာ ချိန်းဆိုခဲ့ကြကြောင်း အိုးလ် ဘေလီ တရားရုံးမှာ ထွက်ဆိုပါတယ်။

IS အကြမ်းဖက် ခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိတဲ့ မိုဟာမက်က အကြမ်းဖက်မှုကို တစ်ကိုယ်တော် ကြံစည်နေစဉ် ကလေး နှစ်ယောက် မိခင် ဟတ်ဆန်က သူ့ဆန္ဒအလျောက် ပူးပေါင်း ပါဝင်တာ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ နိုဝင်ဘာ ၂၀၁၅ ခုနှစ်နဲ့ ဒီဇင်ဘာ ၂၀၁၆ ခုနှစ်အကြား အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းကြောင်း ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)