
0
843






>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးယောက်မြို့ ကောင်စီဝင်တွေကို ပါလက်စတိုင်း ပြည်သူတွေ ကြက်ဥနဲ့ ပစ်ပေါက်

ပါလက်စတိုင်း ပြည်သူတွေက အနောက်ဘက်ကမ်းခြေကို အလည်အပတ်လာခဲ့တဲ့ အမေရိကန် နယူးယောက်မြို့ ကောင်စီဝင်တွေကို ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အသိမှတ်ပြုခဲ့တာကို ဒေါသဖြစ်မှုနေတဲ့ ပါလက်စတိုင်းတွေက နယူးယောက်မြို့ကောင်စီဝင်တွေကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ကောင်စီ အဖွဲ့ဝင်တွေနဲ့ နယူးယောက် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရာမယ်လာမြို့ရှိ ပါလက်စတိုင်း မဲရလဒ်တွေကို ရေတွက်တဲ့အဖွဲ့တွေဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြနေတဲ့ ပါလက်စတိုင်း ပြည်သူတွေက ကြက်ဥတွေနဲ့ နယူးယောက်မြို့ ကောင်စီဝင်တွေကို အဆက် မပြတ် ပစ်ပေါက်ခဲ့တာဖြစ်ပြီး ပါလက်စတိုင်း လုံခြုံရေးအဖွဲ့တွေက ကောင်စီဝင်တွေကို အကာအကွယ် ပေးခဲ့ရပါတယ်။

ဆန္ဒပြနေတဲ့ ပါလက်စတိုင်း ပြည်သူတွေက အမေရိကန်ဟာ ဂျေရုဆလင် ပြဿနာရဲ့ အစိတ်ပိုင်းဖြစ်ပြီး အဖြေမရှိဘူးလို့ ပြောခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)