ပစ္ခတ္မႈျဖစ္ခဲ့တဲ့ ဖေလာ္ရီဒါ စာသင္ေက်ာင္း တာဝန္က် ရဲအရာရွိ ႏုတ္ထြက္

0
802

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္ရွိ အထက္တန္းေက်ာင္းမွာ ၁၇ ဦး ေသဆံုးတဲ့ ပစ္ခတ္မႈ ျဖစ္စဥ္  တာဝန္ခ်ထားတဲ့ ရဲအရာရွိ စေကာက္ ပီတာဆန္ဟာ ရာထူးကေန ႏုတ္ထြက္သြားပါတယ္။   

စေကာက္ ပီတာဆန္ဟာ ပစ္ခတ္မႈျဖစ္ပြားခ်ိန္မွာ ေက်ာင္းအတြင္း ရွိေနၿပီး သူ႔ဆီမွာ လက္နက္ရွိေနပါတယ္။  ေက်ာင္းသားေဟာင္း နီကိုလပ္စ္ ခ႐ုစ္ဟာ ႐ိုင္ဖယ္ေသနတ္နဲ႔ ေက်ာင္းအတြင္း ပစ္ခတ္ေနခ်ိန္မွာ စေကာက္ ပီတာဆန္ဟာ ခ႐ုစ္နဲ႔ ရင္ဆိုင္ေတြ႔ျခင္း မရွိခဲ့ပါဘူး။

စေကာက္ ပီတာဆန္ကို ရာထူးက ဆိုင္းငံ့ထားလိုက္ၿပီးေနာက္ ႏုတ္ထြက္သြားတာ ျဖစ္တယ္လို႔ ဘေရာဝပ္ဒ္ စီရင္စု ရဲအရာရွိ စေကာက္ အစၥရယ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖလော်ရီဒါ စာသင်ကျောင်း တာဝန်ကျ ရဲအရာရှိ နုတ်ထွက်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်းကျောင်းမှာ ၁၇ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်စဉ် တာဝန်ချထားတဲ့ ရဲအရာရှိ စကောက် ပီတာဆန်ဟာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

စကောက် ပီတာဆန်ဟာ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ကျောင်းအတွင်း ရှိနေပြီး သူ့ဆီမှာ လက်နက်ရှိနေပါတယ်။ ကျောင်းသားဟောင်း နီကိုလပ်စ် ခရုစ်ဟာ ရိုင်ဖယ်သေနတ်နဲ့ ကျောင်းအတွင်း ပစ်ခတ်နေချိန်မှာ စကောက် ပီတာဆန်ဟာ ခရုစ်နဲ့ ရင်ဆိုင်တွေ့ခြင်း မရှိခဲ့ပါဘူး။

စကောက် ပီတာဆန်ကို ရာထူးက ဆိုင်းငံ့ထားလိုက်ပြီးနောက် နုတ်ထွက်သွားတာ ဖြစ်တယ်လို့ ဘရောဝပ်ဒ် စီရင်စု ရဲအရာရှိ စကောက် အစ္စရယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)