အာဂ်င္တီးနားရွိ ႐ုရွားသံ႐ံုးအတြင္း ကုိကင္းအမႈ ၆ ဦးကို ဖမ္းဆီး

0
836

အာဂ်င္တီးနားႏိုင္ငံရွိ ႐ုရွားသံ႐ံုးမွာ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ကိုကင္းမူးယစ္ေဆး ၈၅၈ ေပါင္ေတြ႔ရွိမႈနဲ႔ ဆက္စပ္ေနတဲ့ သံသယရွိသူ ၆ ဦးကို ဖမ္းဆီးလိုက္ေၾကာင္း အာဂ်င္တီးနားအစိုးရက မေန႔ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔က ေျပာပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက ဗ်ဴႏိုေအးရိစ္ရွိ ႐ုရွားသံ႐ံုးမွာ အာဂ်င္တီးနား-႐ုရွား သံတမန္ခရီးစဥ္အတြင္း သံသယရွိတဲ့ ခရီးေဆာင္အိတ္ ၁ လံုးထဲက ကိုကင္းမူးယစ္ေဆး ၁၆ ထုပ္နဲ႔ ပတ္သတ္လုိ႔ ႐ုရွားနဲ႔ အာဂ်င္တီးနားတို႔ ပူးေပါင္း စံုစမ္းခဲ့တာ ျဖစ္ပါတယ္။

ေဖေဖာ္၀ါရီလ ၂၁ ရက္ေန႔က အာဂ်င္တီးနားဇာတိ ႐ုရွားလူမ်ိဳး ရဲတစ္ဦးနဲ႔ အာဂ်င္တီးနား ႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးထားၿပီ ျဖစ္ပါတယ္။ အဲဒီကိစၥမွာ ပါဝင္ပတ္သတ္ေနတဲ့ ႐ုရွားသံအမတ္ေဟာင္း တစ္ဦးကိုလည္း   ဖမ္းဆီးထားခဲ့ၿပီ ျဖစ္ေပမယ့္ ဦးေဆာင္သူကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲ ျဖစ္ပါတယ္။   

>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဂျင်တီးနားရှိ ရုရှားသံရုံးအတွင်း ကိုကင်းအမှု ၆ ဦးကို ဖမ်းဆီး

အာဂျင်တီးနားနိုင်ငံရှိ ရုရှားသံရုံးမှာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ကိုကင်းမူးယစ်ဆေး ၈၅၈ ပေါင်တွေ့ရှိမှုနဲ့ ဆက်စပ်နေတဲ့ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးလိုက်ကြောင်း အာဂျင်တီးနားအစိုးရက မနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဗျူနိုအေးရိစ်ရှိ ရုရှားသံရုံးမှာ အာဂျင်တီးနား-ရုရှား သံတမန်ခရီးစဉ်အတွင်း သံသယရှိတဲ့ ခရီးဆောင်အိတ် ၁ လုံးထဲက ကိုကင်းမူးယစ်ဆေး ၁၆ ထုပ်နဲ့ ပတ်သတ်လို့ ရုရှားနဲ့ အာဂျင်တီးနားတို့ ပူးပေါင်း စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အာဂျင်တီးနားဇာတိ ရုရှားလူမျိုး ရဲတစ်ဦးနဲ့ အာဂျင်တီးနား နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။ အဲဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတဲ့ ရုရှားသံအမတ်ဟောင်း တစ်ဦးကိုလည်း ဖမ်းဆီးထားခဲ့ပြီ ဖြစ်ပေမယ့် ဦးဆောင်သူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)