
0
965

 




>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေ ၃၀ဝ၀ အမြင့် တောင်ပေါ်ရောက်နေတဲ့ ခွေး ၂ ကောင်ကို ကယ်ဆယ်

ဗြိတိန်နိုင်ငံမှာ ပျောက်ဆုံးနေပြီးနောက် တတိယအမြင့်ဆုံးတောင်ပေါ် ရောက်နေတဲ့ ခွေး ၂ ကောင်ကို တောင်တက်သမား တစ်ဦးက သက်စွန့်ဆံဖျား ကယ်ဆယ်ခဲ့ပါတယ်။ အဲ့ဒီတောင်ပေါ်ကို တက်ဖို့ ၂ ရက် ကြာမြင့်ပြီး သူတို့ကို သုညဒီဂရီအောက် အေးနေချိန်မှာ ကယ်ဆယ်ခဲ့ရတာပါ။

ဂျာမန် သိုးထိန်းခွေး လီလာ နဲ့ မွန်ဂရယ် မျိုးနွယ် ကက်ရှ် အမည်ရှိ ခွေး ၂ ကောင် ပျောက်ဆုံးနေကြောင်း ဓာတ်ပုံကို ဖေ့စ်ဘုတ်မှာ တွေ့ပြီးနောက် အသက် ၃၇ နှစ်အရွယ် စကောက် ပေးလင်းက ကယ်ဆယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခွေး ၂ ကောင်ဟာ ပိုင်ရှင်ဖြစ်သူ နဲ့အတူ လမ်းလျှောက်ထွက်ရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ဝ၀ ကျော်မှာ ရောက်နေတဲ့ ခွေးတွေဟာ မကြာခင် သေဆုံးသွားနိုင်တဲ့အတွက် အခုလို ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)