လိင္ အ႐ႈပ္ေတာ္ပံုေၾကာင့္ ၾသစေၾတးလ် ဒု ဝန္ႀကီးခ်ဳပ္ ရာထူးက ႏုတ္ထြက္

0
345

ၾသစေၾတးလ် ဒုတိယ ဝန္ႀကီးခ်ဳပ္ ဘာနာေဘးဂ်ိဳစီဟာ အမ်ိဳးသမီးတစ္ဦးကို  လိင္ပိုင္းဆုိင္ရာ ေႏွာက္ယွက္မ စြပ္စြဲခ်က္ေတြ ထြက္ေပၚခဲ့ၿပီး ဖိအားေတြနဲ႔ ရင္ဆုိင္ခဲ့ရတာေၾကာင့္ ၾသစေၾတးလ် အစိုးရအဖြဲ႔ကေန ႏုတ္ထြက္သြားပါတယ္။

ဒုတိယ ဝန္ႀကီးခ်ဳပ္ ဘာနာေဘးဂ်ိဳစီက ၾသစေၾတးလ် အစိုးရအဖြဲ႔ကေန ႏုတ္ထြက္မွာ ျဖစ္ေပမယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ကေတာ့ ႏုတ္ထြက္မွာ မဟုတ္ဘူးလုိ႔ သတင္းေတြက ေဖာ္ျပပါတယ္။ ၾသစေၾတးလ် လႊတ္ေတာ္အတြင္းမွာ ဝန္ႀကီးခ်ဳပ္ တန္ဘူးလ္ရဲ႕ ပါတီက လႊတ္ေတာ္ ေနရာ အမ်ားအျပား ရွိေနတဲ့ပါတီအျဖစ္ ဆက္ရွိေနမွာ ျဖစ္ပါတယ္။

ဂ်ိဳစီက အာဏာရညြန္႔ေပါင္း အစိုးရအတြင္း ပါဝင္ေနတဲ့ သူ႔ရဲ႕ အမ်ိဳးသားပါတီဟာ လာမယ့္ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာ ေခါင္းေဆာင္သစ္ ေရြးခ်ယ္သြားမယ္လုိ႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင် အရှုပ်တော်ပုံကြောင့် သြစတြေးလျ ဒု ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ် ဘာနာဘေးဂျိုစီဟာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သြစတြေးလျ အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားပါတယ်။

ဒုတိယ ဝန်ကြီးချုပ် ဘာနာဘေးဂျိုစီက သြစတြေးလျ အစိုးရအဖွဲ့ကနေ နုတ်ထွက်မှာ ဖြစ်ပေမယ့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကတော့ နုတ်ထွက်မှာ မဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ သြစတြေးလျ လွှတ်တော်အတွင်းမှာ ဝန်ကြီးချုပ် တန်ဘူးလ်ရဲ့ ပါတီက လွှတ်တော် နေရာ အများအပြား ရှိနေတဲ့ပါတီအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဂျိုစီက အာဏာရညွန့်ပေါင်း အစိုးရအတွင်း ပါဝင်နေတဲ့ သူ့ရဲ့ အမျိုးသားပါတီဟာ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ခေါင်းဆောင်သစ် ရွေးချယ်သွားမယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)