အင်ဒိုနီးရှားမှာ ကလေးတွေအတွက်ထုတ်တဲ့ လိင်ပညာရေးစာအုပ်တွေ အစိုးရက ပြန်သိမ်းခိုင်း

0
300

လိင်ပညာပေးအနေနဲ့ ကလေးတွေအတွက် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ အင်ဒိုနီးရှားအစိုးရ က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစာအုပ်မှာ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ပြီး ဒါတွေဟာ ရုန်းရင်းကြမ်းတမ်းတဲ့အရာတွေ ဖြစ်တာကြောင့် အခုလို ရုပ်သိမ်းဖို့ အမိန့်ထုတ်ပြန်ရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှားပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီစာအုပ်တွေဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကနေ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို မိဘတွေအနေနဲ့ ကလေးတွေကို သင်ကြားပေးနိုင်ဖို့ ထုတ်ဝေခဲ့တာဖြစ်ပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာခဲ့ရင် တောင်းပန်ကြောင်းကိုလည်း စာအုပ်ထုတ်ဝေသူကပြောပါတယ်။

ကမ္ဘာ့မူဆလင်လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ တက်တူး၊ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောတာဟာ ဘာသာရေးနဲ့ မညီညွတ်ဘူးလို့ သတ်မှတ်ထားပါတယ်။ အဲဒီစာအုပ်တွေ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပြန်ပြီးရုပ်သိမ်းနေပေမဲ့ အဲဒီစာအုပ်မိတ္တူတွေကို အွန်လိုင်းစတိုးအချို့မှာ ရောင်းချနေဆဲဖြစ်တယ်လို့ စာအုပ်ထုတ်ဝေသူက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)