ဂျာမနီမှာ နာဇီ လက်သစ်အဖွဲ့ကို ပိတ်ပင်၊ နိုင်ငံတစ်ဝန်း စီးနင်းမှုတွေ လုပ်

0
37

ဂျာမနီနိုင်ငံမှာ နာဇီ လက်သစ် အဖွဲ့ဖြစ်တဲ့ Combat 18 အဖွဲ့ကို ပိတ်ပင်လိုက်ပြီး နိုင်ငံတစ်ဝန်းမှာ အဲဒီအဖွဲ့တွေကို စီးနင်းရှာဖွေမှုတွေ လုပ်နေတယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး ဟော့စ် ဆီဟိုဖာက ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

“Combat 18 Germany” အဖွဲ့ကို ပိတ်ပင်လိုက်တယ်လို့ ဖက်ဒရယ်ဝန်ကြီး ဆီဟိုဖာက Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒီနေ့ မနက်ကတည်းက ဂျာမနီ ပြည်နယ် ခြောက်ခုမှာ ရှာဖွေ စီးနင်းမှုတွေ လုပ်နေပြီး လက်ယာယိမ်း အစွန်းရောက်တွေနဲ့ ဂျူးဆန့်ကျင်ရေးတွေအတွက် ဂျာမန် လူ့အဖွဲ့အစည်းမှာ နေရာမရှိဘူးလို့ ဝန်ကြီးက ရေးသားထားပါတယ်။

Combat 18 အဖှဲ့ဟာ ဗှိတိနမြှာ စတငဖြှဲ့စညြးပှီး ဂွာမနီအပါအဝငြ တခှားနိုငငြံတှကေို ပွံ့နှံ့ခဲ့တာ ဖှဈပါတယြ။ ရှှေ့ပှောငြးဝငရြောကသြူတှကေို ထောကခြံတဲ့ ကှနဆြာဗေးတဈ နိုငငြံရေးသမား ဝေါလြတြာ လူးဘကြ မနှဈက သနတေနြဲ့ ပဈသတခြံရပှီးနောကြ အခုလို Combat 18 အဖှဲ့ကို တားမှဈ နှိမနြငြးမှုတှေ စတငလြာတာ ဖှဈပါတယြ။ သနတေသြမားဖှဈသူ လကယြာစှနြးရောကြ ထောကခြံသူကို ဖမြးဆီးခဲ့ပါတယြ။

ဂြာမနီမှာ နာဇီ လကျသဈအဖှဲ့ကို ပိတျပငျ၊ နိုငျငံတဈဝနျး စီးနငျးမှုတှေ လုပျ

ဂျာမနီနိုင်ငံမှာ နာဇီ လက်သစ် အဖွဲ့ဖြစ်တဲ့ Combat 18 အဖွဲ့ကို ပိတ်ပင်လိုက်ပြီး နိုင်ငံတစ်ဝန်းမှာ အဲဒီအဖွဲ့တွေကို စီးနင်းရှာဖွေမှုတွေ လုပ်နေတယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး ဟော့စ် ဆီဟိုဖာက ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။

“Combat 18 Germany” အဖွဲ့ကို ပိတ်ပင်လိုက်တယ်လို့ ဖက်ဒရယ်ဝန်ကြီး ဆီဟိုဖာက Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒီနေ့ မနက်ကတည်းက ဂျာမနီ ပြည်နယ် ခြောက်ခုမှာ ရှာဖွေ စီးနင်းမှုတွေ လုပ်နေပြီး လက်ယာယိမ်း အစွန်းရောက်တွေနဲ့ ဂျူးဆန့်ကျင်ရေးတွေအတွက် ဂျာမန် လူ့အဖွဲ့အစည်းမှာ နေရာမရှိဘူးလို့ ဝန်ကြီးက ရေးသားထားပါတယ်။Combat 18 အဖွဲ့ဟာ ဗြိတိန်မှာ စတင်ဖွဲ့စည်းပြီး ဂျာမနီအပါအဝင် တခြားနိုင်ငံတွေကို ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား ဝေါ်လ်တာ လူးဘက် မနှစ်က သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အခုလို Combat 18 အဖွဲ့ကို တားမြစ် နှိမ်နင်းမှုတွေ စတင်လာတာ ဖြစ်ပါတယ်။ သေနတ်သမားဖြစ်သူ လက်ယာစွန်းရောက် ထောက်ခံသူကို ဖမ်းဆီးခဲ့ပါတယ်။