ဒါဝင္ရဲ႕ သီအိုရီကို ေက်ာင္းျပ႒ာန္းစာက ပယ္ဖ်က္ဖို႔ ေျပာတဲ့ အိႏၵိယ ပညာေရးဝန္ႀကီး ေဝဖန္ခံရ

0
2172

ခ်ားလ္စ္ ဒါဝင္ရဲ႕ ဆင့္ကဲျဖစ္စဥ္ သီအိုရီ (Theory of Evolution) ကို ေက်ာင္း ျပ႒ာန္းစာထဲက ဖယ္ရွားဖို႔ ေတာင္းဆိုခဲ့တဲ့ အိႏၵိယ အဆင့္ျမင့္ပညာေရး ဝန္ႀကီးဟာ သိပၸံပညာရွင္ေတြရဲ႕ ေဝဖန္ျပစ္တင္မႈကို ခံေနရပါတယ္။

အဆင့္ျမင့္ပညာေရး ဝန္ႀကီး စတယာပယ္ ဆင္းဂ္က ေမ်ာက္ဝံကေန လူျဖစ္လာတာ ျမင္ဖူးသူ တစ္ေယာက္မွ မရွိဘူးလို႔ မေန႔က ဇန္နဝါရီ ၂၂ ရက္ေန႔မွာ က်င္းပတဲ့ သိပၸံပညာဆိုင္ရာ ႏိုင္ငံတကာ ညီလာခံမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

အာသံ တကၠသိုလ္မွာ က်င္းပတဲ့ ႏိုင္ငံတကာ ညီလာခံမွာ ဝန္ႀကီး ဆင္းဂ္က ဆင့္ကဲျဖစ္စဥ္ သီအိုရီကို သက္ေသျပဖို႔ အေထာက္အထား မရွိဘူးလို႔ ေျပာတဲ့ ကမာၻေက်ာ္ သိပၸံပညာရွင္ ၁၅ ဦးရဲ႕ စာရင္း သူ႔မွာ ရွိေၾကာင္း၊ သိပၸံပညာရွင္ႀကီး အိုင္းစတိုင္းကလည္း ဒီသီအိုရီက သိပၸံနည္းမက်ဘူးလို႔ ေျပာခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

ေဒလီ တကၠသိုလ္ကေန ဓာတုေဗဒနဲ႔ ဘြဲ႔လြန္တက္ခဲ့တဲ့ ဝန္ႀကီး ဆင္းဂ္က ဒါဝင္ရဲ႕ သီအိုရီဟာ သိပၸံနည္းအရ မွားတယ္၊ စာသင္ေက်ာင္းနဲ႔ ေကာလိပ္ ျပ႒ာန္းစာေတြမွာ ေျပာင္းပစ္ဖို႔ လိုတယ္လို႔ သူက ေျပာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒါဝင်ရဲ့ သီအိုရီကို ကျောင်းပြဋ္ဌာန်းစာက ပယ်ဖျက်ဖို့ ပြောတဲ့ အိန္ဒိယ ပညာရေးဝန်ကြီး ဝေဖန်ခံရ

ချားလ်စ် ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီ (Theory of Evolution) ကို ကျောင်း ပြဋ္ဌာန်းစာထဲက ဖယ်ရှားဖို့ တောင်းဆိုခဲ့တဲ့ အိန္ဒိယ အဆင့်မြင့်ပညာရေး ဝန်ကြီးဟာ သိပ္ပံပညာရှင်တွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံနေရပါတယ်။

အဆင့်မြင့်ပညာရေး ဝန်ကြီး စတယာပယ် ဆင်းဂ်က မျောက်ဝံကနေ လူဖြစ်လာတာ မြင်ဖူးသူ တစ်ယောက်မှ မရှိဘူးလို့ မနေ့က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ သိပ္ပံပညာဆိုင်ရာ နိုင်ငံတကာ ညီလာခံမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အာသံ တက္ကသိုလ်မှာ ကျင်းပတဲ့ နိုင်ငံတကာ ညီလာခံမှာ ဝန်ကြီး ဆင်းဂ်က ဆင့်ကဲဖြစ်စဉ် သီအိုရီကို သက်သေပြဖို့ အထောက်အထား မရှိဘူးလို့ ပြောတဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင် ၁၅ ဦးရဲ့ စာရင်း သူ့မှာ ရှိကြောင်း၊ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကလည်း ဒီသီအိုရီက သိပ္ပံနည်းမကျဘူးလို့ ပြောခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဒေလီ တက္ကသိုလ်ကနေ ဓာတုဗေဒနဲ့ ဘွဲ့လွန်တက်ခဲ့တဲ့ ဝန်ကြီး ဆင်းဂ်က ဒါဝင်ရဲ့ သီအိုရီဟာ သိပ္ပံနည်းအရ မှားတယ်၊ စာသင်ကျောင်းနဲ့ ကောလိပ် ပြဋ္ဌာန်းစာတွေမှာ ပြောင်းပစ်ဖို့ လိုတယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)