လန္ဒန္ၿမိဳ႕လယ္မွာ ဓာတ္ေငြ႔ ယိုစိမ့္မႈျဖစ္လို႔ လူ ၁၄၀၀ ေက်ာ္ အေရးေပၚ ေရႊ႕ေျပာင္း

0
2156

ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ အလယ္ပိုင္း၊ စထရင္းမွာ ဓာတ္ေငြ႔ ယိုစိမ့္မႈ ျဖစ္လို႔ ဘူတာ႐ံုတစ္ခုကို ပိတ္ထားၿပီး ဟိုတယ္တစ္ခုနဲ႔ ႏိုက္ကလပ္က လူ ၁၄၅၀ ကို အေရးေပၚ ကယ္ထုတ္ခဲ့ရပါတယ္။

ဒီေန႔ ဇန္နဝါရီ ၂၃ ရက္ေန႔ မနက္ ၂ နာရီမွာ အခ်က္ေပး ဥၾသသံ ထြက္ေပၚလာၿပီး ေဟဗင္ ႏိုက္ကလပ္က လူေတြကို ထြက္သြားၾကဖို႔ သတိေပးၿပီးတဲ့ေနာက္မွာ လူေတြ ဖ႐ိုဖရဲ ျဖစ္ကုန္တယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။ အနီးအနားမွာ ရွိတဲ့ ဟိုတယ္မွာ တည္းေနသူေတြကိုလည္း အေရးေပၚ ေရႊ႕ေျပာင္းေပးခဲ့ရပါတယ္။

ခ်ာရင္ ခေရာ့စ္ ဘူတာ႐ံုအနီး ကရာဗန္လမ္းမွာ သဘာဝဓာတ္ေငြ႔ ပိုက္လိုင္း ယိုစိမ့္မႈ စိုးရိမ္ရတဲ့ အေျခအေနကို ေလ့လာေတြ႔ရွိရတယ္လို႔ လန္ဒန္ မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။ လန္ဒန္ၿမိဳ႕လယ္က စထရင္းလမ္း တစ္ခုလံုးကို ပိတ္ထားလိုက္ၿပီး အင္ဂ်င္နီယာေတြက ဓာတ္ေငြ႔ ယိုစိမ့္မႈေတြကို ျပဳျပင္ဖို႔ ႀကိဳးစားေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လန်ဒန်မြို့လယ်မှာ ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်လို့ လူ ၁၄၀ဝ ကျော် အရေးပေါ် ရွှေ့ပြောင်း

ဗြိတိန်နိုင်ငံ၊ လန်ဒန် အလယ်ပိုင်း၊ စထရင်းမှာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်လို့ ဘူတာရုံတစ်ခုကို ပိတ်ထားပြီး ဟိုတယ်တစ်ခုနဲ့ နိုက်ကလပ်က လူ ၁၄၅၀ ကို အရေးပေါ် ကယ်ထုတ်ခဲ့ရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၂ နာရီမှာ အချက်ပေး ဥသြသံ ထွက်ပေါ်လာပြီး ဟေဗင် နိုက်ကလပ်က လူတွေကို ထွက်သွားကြဖို့ သတိပေးပြီးတဲ့နောက်မှာ လူတွေ ဖရိုဖရဲ ဖြစ်ကုန်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အနီးအနားမှာ ရှိတဲ့ ဟိုတယ်မှာ တည်းနေသူတွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ချာရင် ခရော့စ် ဘူတာရုံအနီး ကရာဗန်လမ်းမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှု စိုးရိမ်ရတဲ့ အခြေအနေကို လေ့လာတွေ့ရှိရတယ်လို့ လန်ဒန် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ လန်ဒန်မြို့လယ်က စထရင်းလမ်း တစ်ခုလုံးကို ပိတ်ထားလိုက်ပြီး အင်ဂျင်နီယာတွေက ဓာတ်ငွေ့ ယိုစိမ့်မှုတွေကို ပြုပြင်ဖို့ ကြိုးစားနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)