မိန္းကေလးငယ္ အသတ္ခံရၿပီးေနာက္ ပါကစၥတန္ အမ်ိဳးသမီးေတြ ေစာ္ကားခံရမႈေတြကို ထုတ္ေဖာ္ ေျပာဆို

0
2379

အသက္ ၇ ႏွစ္အရြယ္ ဇာဆီနတ္ အန္ဆာရီဟာ ရက္စက္စြာ အဓမၼျပဳက်င့္ အသတ္ခံရၿပီးေနာက္ ပါကစၥတန္မွာ ကေလးေတြကို ျပန္ေပးဆြဲမႈ၊ သတ္ျဖတ္မႈ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ၊ အဲဒီလို သတ္ျဖတ္ ေစာ္ကားခံရတာကို ႏႈတ္ဆိတ္ေနမႈေတြနဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးထုက ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ေနၾကပါတယ္။

ဇာအီနတ္ အသတ္ခံရမႈေၾကာင့္ ပါကစၥတန္ အင္တာနက္မွာ #me—too လံႈ႔ေဆာ္လႈပ္ရွားမႈလည္း ေပၚေပါက္လာပါတယ္။ နာမည္ေက်ာ္ၾကားတဲ့ ပါကစၥတန္ အမ်ိဳးသမီးေတြက သူတို႔ကိုယ္တိုင္ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္ ခံခဲ့ရမႈေတြကို အဲဒီ #me—too လႈပ္ရွားမႈမွာ ထုတ္ေဖာ္ ေရးသားလာခဲ့ၾကပါတယ္။

အေစာ္ကားခံရသူေၾကာင့္ အရွက္ရတယ္ဆိုတဲ့ အစဥ္အလာ သတ္မွတ္မႈကို ေျပာင္းလဲပစ္ဖို႔လည္း သူတို႔က ေျပာဆိုခဲ့ၾကပါတယ္။ လာဘ္ေငြယူၿပီး ရာဇဝတ္မႈေတြကို မသိေက်းကြ်န္ျပဳကာ သားေကာင္ျဖစ္ရသူေတြကို လ်စ္လ်ဴ႐ႈတဲ့ ရဲေတြကိုလည္း ျပစ္တင္ေျပာဆိုခဲ့ပါတယ္။

နာမည္ႀကီး ပါကစၥတန္ ဒီဇိုင္နာ ျဖစ္သူ မာဟင္ခန္းကလည္း သူကေလးဘဝမွာ သူ႔ကို ကိုရမ္က်မ္းစာ သင္ေပးတဲ့ အစၥလာမ္ ဘာသာေရးဆရာက လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္မႈကို တြစ္တာမွာ ထုတ္ေဖာ္ ေရးသားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိန်းကလေးငယ် အသတ်ခံရပြီးနောက် ပါကစ္စတန် အမျိုးသမီးတွေ စော်ကားခံရမှုတွေကို ထုတ်ဖော် ပြောဆို

အသက် ၇ နှစ်အရွယ် ဇာဆီနတ် အန်ဆာရီဟာ ရက်စက်စွာ အဓမ္မပြုကျင့် အသတ်ခံရပြီးနောက် ပါကစ္စတန်မှာ ကလေးတွေကို ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အဲဒီလို သတ်ဖြတ် စော်ကားခံရတာကို နှုတ်ဆိတ်နေမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးထုက ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေကြပါတယ်။

ဇာအီနတ် အသတ်ခံရမှုကြောင့် ပါကစ္စတန် အင်တာနက်မှာ #me—too လှုံ့ဆော်လှုပ်ရှားမှုလည်း ပေါ်ပေါက်လာပါတယ်။ နာမည်ကျော်ကြားတဲ့ ပါကစ္စတန် အမျိုးသမီးတွေက သူတို့ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက် ခံခဲ့ရမှုတွေကို အဲဒီ #me—too လှုပ်ရှားမှုမှာ ထုတ်ဖော် ရေးသားလာခဲ့ကြပါတယ်။

အစော်ကားခံရသူကြောင့် အရှက်ရတယ်ဆိုတဲ့ အစဉ်အလာ သတ်မှတ်မှုကို ပြောင်းလဲပစ်ဖို့လည်း သူတို့က ပြောဆိုခဲ့ကြပါတယ်။ လာဘ်ငွေယူပြီး ရာဇဝတ်မှုတွေကို မသိကျေးကျွန်ပြုကာ သားကောင်ဖြစ်ရသူတွေကို လျစ်လျူရှုတဲ့ ရဲတွေကိုလည်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

နာမည်ကြီး ပါကစ္စတန် ဒီဇိုင်နာ ဖြစ်သူ မာဟင်ခန်းကလည်း သူကလေးဘဝမှာ သူ့ကို ကိုရမ်ကျမ်းစာ သင်ပေးတဲ့ အစ္စလာမ် ဘာသာရေးဆရာက လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုကို တွစ်တာမှာ ထုတ်ဖော် ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)