လူသားခ်င္း စာနာမႈ အကူအညီကို လ်စ္လ်ဴ႐ႈရာမွာ ေျမာက္ကိုရီးယားက နံပါတ္ ၁ ျဖစ္

0
2196

လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အေရးေပၚ အကူအညီေပးရမယ့္ ကိစၥေတြကို လ်စ္လ်ဴ႐ႈတဲ့ ႏိုင္ငံေတြအနက္ ကမာၻေပၚမွာ ေျမာက္ကိုရီးယားက ထိပ္ဆံုးကျဖစ္တယ္လို႔ ေလ့လာမႈတစ္ရပ္က ေဖာ္ျပလိုက္ပါတယ္။

ေျမာက္ကိုရီးယားမွာ စားနပ္ရိကၡာ ရွားပါးေနၿပီး လူ ၅ ဦးအနက္ ၂ ဦးဟာ အာဟာရခ်ိဳ႕တဲ့ေနပါတယ္။ Care International က အြန္လိုင္းေပၚရွိ ေဆာင္းပါးေပါင္း ၁ ဒသမ ၂ သန္းကို ေလ့လာခဲ့ရာမွာ ေျမာက္ကိုရီးယားဟာ လူသားခ်င္း စာနာေထာက္ထားမႈ အေရးေပၚ အကူအညီကို လ်စ္လ်ဴ အ႐ႈဆံုး ႏိုင္ငံျဖစ္တယ္လို႔ ေတြ႔ရွိခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေနာက္မွာ အီရီထရီယာနဲ႔ ဘူရြန္ဒီ ႏိုင္ငံတို႔ ရွိပါတယ္။

ေျမာက္ကိုရီးယား လူဦးေရရဲ႕ ၇၀ ရာခိုင္ႏႈန္းျဖစ္တဲ့ လူ ၁၈ သန္းဟာ အစိုးရက ေထာက္ပံ့တဲ့ စားနပ္ရိကၡာကို မွီခိုေနရပါတယ္။ ေျမာက္ကိုရီးယားဟာ ၂၀၀၁ ခုႏွစ္ကတည္းက မိုးေခါင္ေရရွားမႈ ဒဏ္ကို အဆိုးရြားဆံုးခံေနရပါတယ္။ လြတ္လပ္တဲ့ မီဒီယာနဲ႔ အရပ္ဖက္ အဖြဲ႔အစည္းေတြကိုလည္း ပိတ္ပင္ထားပါတယ္။

ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ သံုးပံုတစ္ပံုနဲ႔ ကေလးငယ္ ၂ သိန္းေက်ာ္ဟာ အလြန္အမင္း အာဟာရခ်ိဳ႕တဲ့မႈကို ခံစားေနရပါတယ္။
………………….. ။ ။ …………………

လူသားချင်း စာနာမှု အကူအညီကို လျစ်လျူရှုရာမှာ မြောက်ကိုရီးယားက နံပါတ် ၁ ဖြစ်

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီပေးရမယ့် ကိစ္စတွေကို လျစ်လျူရှုတဲ့ နိုင်ငံတွေအနက် ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားက ထိပ်ဆုံးကဖြစ်တယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြလိုက်ပါတယ်။

မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ရှားပါးနေပြီး လူ ၅ ဦးအနက် ၂ ဦးဟာ အာဟာရချို့တဲ့နေပါတယ်။ Care International က အွန်လိုင်းပေါ်ရှိ ဆောင်းပါးပေါင်း ၁ ဒသမ ၂ သန်းကို လေ့လာခဲ့ရာမှာ မြောက်ကိုရီးယားဟာ လူသားချင်း စာနာထောက်ထားမှု အရေးပေါ် အကူအညီကို လျစ်လျူ အရှုဆုံး နိုင်ငံဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ မြောက်ကိုရီးယား နောက်မှာ အီရီထရီယာနဲ့ ဘူရွန်ဒီ နိုင်ငံတို့ ရှိပါတယ်။

မြောက်ကိုရီးယား လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၈ သန်းဟာ အစိုးရက ထောက်ပံ့တဲ့ စားနပ်ရိက္ခာကို မှီခိုနေရပါတယ်။ မြောက်ကိုရီးယားဟာ ၂၀ဝ၁ ခုနှစ်ကတည်းက မိုးခေါင်ရေရှားမှု ဒဏ်ကို အဆိုးရွားဆုံးခံနေရပါတယ်။ လွတ်လပ်တဲ့ မီဒီယာနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကိုလည်း ပိတ်ပင်ထားပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် သုံးပုံတစ်ပုံနဲ့ ကလေးငယ် ၂ သိန်းကျော်ဟာ အလွန်အမင်း အာဟာရချို့တဲ့မှုကို ခံစားနေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)