ဂ်ပန္ စကိတ္ကြင္းအနီး မီးေတာင္ေပါက္ကြဲ၊ တစ္ဦး ေပ်ာက္ဆံုး

0
2099

ဂ်ပန္ႏိုင္ငံ အလယ္ပိုင္းမွာ ဒီေန႔ ဇန္နဝါရီ ၂၃ ရက္ေန႔က စကိတ္သမား ဒါဇင္ခ်ီ ရွိေနတဲ့ အပန္းေျဖ စကိတ္ ကစားကြင္းအနီး မီးေတာင္ ေပါက္ကြဲကာ ေက်ာက္တံုးေတြ လြင့္စင္က်ခဲ့လို႔ စကိတ္သမားတစ္ဦး ေပ်ာက္ဆံုးေနပါတယ္။

မီးေတာင္ေပါက္ကာ ေက်ာက္တံုးေတြ လြင့္စင္လို႔ ဒဏ္ရာရရွိသူ ၁၅ ဦး ရွိတယ္လို႔ ဂ်ပန္ မီဒီယာေတြက ေဖာ္ျပပါတယ္။ အဲဒီ စကိတ္ ကစားကြင္းမွာ ဂ်ပန္ ေျမျပင္ကာကြယ္ေရးတပ္ဖြဲ႔ဝင္ ေျခာက္ဦးလည္း ရွိေနၿပီး ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ အမ်ားစုက ဒဏ္ရာ ရရွိထားတယ္လို႔ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

အျမင့္ေပ ၇၀၉၀ ရွိတဲ့ ကူဆာဆူ-ရွီရာနဲ မီးေတာင္ဟာ ဒီေန႔ မနက္ပိုင္းမွာ ႐ုတ္တရက္ ေပါက္ကြဲထြက္ခဲ့တာ ျဖစ္တယ္လို႔ ဂ်ပန္ မိုးေလဝသႏွင့္ ဇလေဗဒ ဌာနက ေၾကညာပါတယ္။ မီးေတာင္ရဲ႕ တစ္မိုင္ပတ္လည္အထိ ေက်ာက္တံုးေတြ လြင့္စင္က်ႏိုင္လို႔ သတိျပဳၾကဖို႔ ဂ်ပန္ မီးသတ္နဲ႔ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခြဲေရးအဖြဲ႔ကလည္း သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် စကိတ်ကွင်းအနီး မီးတောင်ပေါက်ကွဲ၊ တစ်ဦး ပျောက်ဆုံး

ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ ဒီနေ့ ဇန်နဝါရီ ၂၃ ရက်နေ့က စကိတ်သမား ဒါဇင်ချီ ရှိနေတဲ့ အပန်းဖြေ စကိတ် ကစားကွင်းအနီး မီးတောင် ပေါက်ကွဲကာ ကျောက်တုံးတွေ လွင့်စင်ကျခဲ့လို့ စကိတ်သမားတစ်ဦး ပျောက်ဆုံးနေပါတယ်။

မီးတောင်ပေါက်ကာ ကျောက်တုံးတွေ လွင့်စင်လို့ ဒဏ်ရာရရှိသူ ၁၅ ဦး ရှိတယ်လို့ ဂျပန် မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ စကိတ် ကစားကွင်းမှာ ဂျပန် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးလည်း ရှိနေပြီး ကယ်ဆယ်နိုင်ခဲ့ပေမယ့် အများစုက ဒဏ်ရာ ရရှိထားတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အမြင့်ပေ ၇၀၉၀ ရှိတဲ့ ကူဆာဆူ-ရှီရာနဲ မီးတောင်ဟာ ဒီနေ့ မနက်ပိုင်းမှာ ရုတ်တရက် ပေါက်ကွဲထွက်ခဲ့တာ ဖြစ်တယ်လို့ ဂျပန် မိုးလေဝသနှင့် ဇလဗေဒ ဌာနက ကြေညာပါတယ်။ မီးတောင်ရဲ့ တစ်မိုင်ပတ်လည်အထိ ကျောက်တုံးတွေ လွင့်စင်ကျနိုင်လို့ သတိပြုကြဖို့ ဂျပန် မီးသတ်နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကလည်း သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)