ကေလးေတြကို ႏိုင္ငံသား မေပးလို႔ အေမရိကန္ အစိုးရကို လိင္တူစံုတြဲ တရားစြဲ

0
2132

သူတို႔ရဲ႕ ကေလးေတြကို ႏိုင္ငံသားအျဖစ္ အသိအမွတ္မျပဳလို႔ ႏွစ္ႏိုင္ငံသား ခံယူထားတဲ့ လိင္တူ အမ်ိဳးသမီး စံုတြဲတစ္တြဲက အေမရိကန္ အစိုးရကို တရားစြဲဆိုလိုက္ပါတယ္။

အီတလီ-အေမရိကန္ အမ်ိဳးသမီးစံုတြဲမွာ ကေလး ႏွစ္ဦး ရွိေနၿပီး အေမရိကန္သူရဲ႕ ကေလးကို အေမရိကန္ ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳေပမယ့္ အီတလီသူရဲ႕ ကေလးကိုေတာ့ ဥပေဒအရ ႏိုင္ငံသားျဖစ္ခြင့္ မေပးတာ ျဖစ္ပါတယ္။ 

ေရႊ႕ေျပာင္းသူမ်ား တန္းတူညီမွ်ေရး အဖြဲ႔ကေနတဆင့္ တရားစြဲဆိုတာ ျဖစ္ၿပီး လိင္တူ လက္ထပ္မႈကို မၾကာေသးခင္က အသိအမွတ္ျပဳလိုက္တဲ့ အေမရိကန္ရဲ႕ တရားဥပေဒကိုလည္း စမ္းသပ္မႈ တစ္ခု ျဖစ္ပါတယ္။

ေဂးစံုတြဲေတြ ေရႊ႕ေျပာင္းဝင္ေရာက္သူေတြ အေနနဲ႔ လက္တစ္လံုးျခား အက်ိဳးခံစားမႈကို ကာကြယ္ဖို႔ လိင္တူလက္ထပ္ျခင္းကို ႏွစ္အေတာ္ၾကာ အေမရိကန္ လက္ထပ္ထိမ္းမ်ားမႈ ကာကြယ္ေရး အက္ဥပေဒအရ တားျမစ္ထားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးတွေကို နိုင်ငံသား မပေးလို့ အမေရိကန် အစိုးရကို လိင်တူစုံတွဲ တရားစွဲ

သူတို့ရဲ့ ကလေးတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုလို့ နှစ်နိုင်ငံသား ခံယူထားတဲ့ လိင်တူ အမျိုးသမီး စုံတွဲတစ်တွဲက အမေရိကန် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

အီတလီ-အမေရိကန် အမျိုးသမီးစုံတွဲမှာ ကလေး နှစ်ဦး ရှိနေပြီး အမေရိကန်သူရဲ့ ကလေးကို အမေရိကန် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေမယ့် အီတလီသူရဲ့ ကလေးကိုတော့ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မပေးတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းသူများ တန်းတူညီမျှရေး အဖွဲ့ကနေတဆင့် တရားစွဲဆိုတာ ဖြစ်ပြီး လိင်တူ လက်ထပ်မှုကို မကြာသေးခင်က အသိအမှတ်ပြုလိုက်တဲ့ အမေရိကန်ရဲ့ တရားဥပဒေကိုလည်း စမ်းသပ်မှု တစ်ခု ဖြစ်ပါတယ်။

ဂေးစုံတွဲတွေ ရွှေ့ပြောင်းဝင်ရောက်သူတွေ အနေနဲ့ လက်တစ်လုံးခြား အကျိုးခံစားမှုကို ကာကွယ်ဖို့ လိင်တူလက်ထပ်ခြင်းကို နှစ်အတော်ကြာ အမေရိကန် လက်ထပ်ထိမ်းများမှု ကာကွယ်ရေး အက်ဥပဒေအရ တားမြစ်ထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)