
0
2063




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေ ၃ ထောင်အမြင့် တောင်ပေါ်မှာ ပိတ်မိနေတဲ့ နှင်းလျောစီးသူ နှစ်ဦးကို ကယ်ဆယ်

ဗြိတိန်နိုင်ငံ၊ စကော့တလန်မှာ ရာသီဥတု ဆိုးရွားလွန်းလှတဲ့ အခြေအနေကြောင့် တောင်ပေါ်မှာ ပိတ်မိနေတဲ့ နှင်းလျောစီးသူ နှစ်ဦးကို ပေ ၃ ထောင်အမြင့်ရှိတဲ့ နေရာကနေ ရဟတ်ယာဉ်တစ်စင်းနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ကယ်ဆယ်ခဲ့ကြရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က သူတို့ နှစ်ဦးကို ကယ်ဆယ်ဖို့ ရာသီဥတု ဆိုးရွားလွန်းနေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေက တောင်တက်ဖို့ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရဲတပ်ဖွဲ့ကို အကြောင်း ကြားခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို ကမ်းခြေစောင့် ရဟတ်ယာဉ်တစ်စင်းက တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ နှစ်ယောက်စလုံး ဘေးကင်း လုံခြုံစွာရှိနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)