ဆီအုန္း ဝယ္ယူမႈ ဥေရာပ သမဂၢ ပိတ္ပင္ခ်က္ကို အင္ဒိုနဲ႔ မေလးရွား ေဒါသထြက္

0
2306

ကမာၻေပၚမွာ ဆီအုန္း အမ်ားဆံုး စိုက္ပ်ိဳးထုတ္လုပ္တဲ့ အင္ဒိုနီးရွားနဲ႔ မေလးရွားက ဆီအုန္းေတြကို ေနာက္ သံုးႏွစ္အတြင္း မဝယ္ယူဖို႔ ဥေရာပ ပါလီမန္ရဲ႕ ဆံုးျဖတ္ခ်က္ကို အင္ဒိုနီးရွားနဲ႔ မေလးရွား အစိုးရေတြက ေဒါသထြက္ခဲ့ၾကၿပီး ဒါဟာ ပူးေပါင္းႀကံစည္မႈ ျဖစ္တယ္လို႔ စြပ္စြဲလိုက္ပါတယ္။

ဇီဝေလာင္စာ ထုတ္လုပ္ႏိုင္တဲ့ ဆီအုန္းေၾကာင့္ သဘာဝ ပတ္ဝန္းက်င္း ထိခိုက္မႈကို ေလွ်ာ့ခ်လိုတဲ့အတြက္ အင္ဒိုနီးရွားနဲ႔ မေလးရွားကထြက္တဲ့ ဆီအုန္းေတြကို မဝယ္ဘဲ ဆိုင္းငံ့ထားဖို႔ ဥေရာပ ပါလီမန္က ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္မွာ ဆီအုန္းကေန ဇီဝေလာင္စာနဲ႔ ဇီဝအရည္ေတြ ထုတ္လုပ္မႈကို သုညအထိ ေလွ်ာ့ခ်ဖို႔ မဲခြဲဆံုးျဖတ္မႈဟာ လမ္းလြဲမႈနဲ႔ တရားမမွ်တမႈသာ ျဖစ္တယ္လို႔ အင္ဒိုနီးရွား ကုန္သြယ္ေရးဝန္ႀကီး အန္ဂါ တီရက္စတို လူကီတာက ေျပာပါတယ္။

ဝယ္လိုအား ျမင့္ေနတဲ့အတြက္ေၾကာင့္ ဆီအုန္း တင္ပို႔မႈကို လြယ္လြယ္နဲ႔ ျဖတ္ေတာက္ပစ္လို႔ မရေၾကာင္းနဲ႔ ဥေရာပ သမဂၢအေနနဲ႔ ဆီအုန္းနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈေတြနဲ႔ ပတ္သက္လို႔ ညွိႏိႈင္းေဆြးေႏြးဖို႔ သူက တိုက္တြန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီအုန်း ဝယ်ယူမှု ဥရောပ သမဂ္ဂ ပိတ်ပင်ချက်ကို အင်ဒိုနဲ့ မလေးရှား ဒေါသထွက်

ကမ္ဘာပေါ်မှာ ဆီအုန်း အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားက ဆီအုန်းတွေကို နောက် သုံးနှစ်အတွင်း မဝယ်ယူဖို့ ဥရောပ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရတွေက ဒေါသထွက်ခဲ့ကြပြီး ဒါဟာ ပူးပေါင်းကြံစည်မှု ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဇီဝလောင်စာ ထုတ်လုပ်နိုင်တဲ့ ဆီအုန်းကြောင့် သဘာဝ ပတ်ဝန်းကျင်း ထိခိုက်မှုကို လျှော့ချလိုတဲ့အတွက် အင်ဒိုနီးရှားနဲ့ မလေးရှားကထွက်တဲ့ ဆီအုန်းတွေကို မဝယ်ဘဲ ဆိုင်းငံ့ထားဖို့ ဥရောပ ပါလီမန်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဆီအုန်းကနေ ဇီဝလောင်စာနဲ့ ဇီဝအရည်တွေ ထုတ်လုပ်မှုကို သုညအထိ လျှော့ချဖို့ မဲခွဲဆုံးဖြတ်မှုဟာ လမ်းလွဲမှုနဲ့ တရားမမျှတမှုသာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး အန်ဂါ တီရက်စတို လူကီတာက ပြောပါတယ်။ ဝယ်လိုအား မြင့်နေတဲ့အတွက်ကြောင့် ဆီအုန်း တင်ပို့မှုကို လွယ်လွယ်နဲ့ ဖြတ်တောက်ပစ်လို့ မရကြောင်းနဲ့ ဥရောပ သမဂ္ဂအနေနဲ့ ဆီအုန်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ သူက တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)