ကိုလံဘီယာမွာ ေျမၿပိဳၿပီး ကားတစ္စီး တိမ္းေမွာက္မႈ ၁၃ ဦးေသ

0
2081

 ကိုလံဘီယာႏိုင္ငံ ေျမာက္ပုိင္းမွာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၁ ရက္ေန႔က ဘတ္စ္ကားတစ္စီး ေမာင္းႏွင္ေနခ်ိန္ ေျမၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး ေခ်ာက္ထဲက်ခဲ့လုိ႔ ေသဆံုးသူ အနည္းဆံုး ၁၃ ဦး ရွိခဲ့ပါတယ္။

အဲ့ဒီ မေတာ္မတဆမႈဟာ နာရီႏိုျပည္နယ္၊ ပက္စ္တိုနဲ႔ တူမာကိုၿမိဳ႕ ႏွစ္ၿမိဳ႕ၾကားရွိ ေတာင္ေၾကာထူထပ္တဲ့ အေဝးေျပးလမ္းေပၚမွာ ျဖစ္ပြားခဲ႔တာျဖစ္ၿပီး တျခား အေလာင္းေတြကို ဆက္လက္ရွာေဖြေနပါတယ္။

ေျမၿပိဳတဲ့အထဲမွာ ႀကီးမားတဲ့ ေက်ာက္တံုးေတြ ပါလာၿပီး အေဝးေျပးလမ္းေပၚနဲ႔ ေခ်ာက္ထဲအထိ က်ေရာက္လာတယ္လုိ႔ ကိုလံဘီယာ သဘာဝေဘး အႏၱရာယ္ ကာကြယ္ေရးအဖြဲ႔က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုလံဘီယာမှာ မြေပြိုပြီး ကားတစ်စီး တိမ်းမှောက်မှု ၁၃ ဦးသေ

ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ဘတ်စ်ကားတစ်စီး မောင်းနှင်နေချိန် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ချောက်ထဲကျခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၃ ဦး ရှိခဲ့ပါတယ်။

အဲ့ဒီ မတော်မတဆမှုဟာ နာရီနိုပြည်နယ်၊ ပက်စ်တိုနဲ့ တူမာကိုမြို့ နှစ်မြို့ကြားရှိ တောင်ကြောထူထပ်တဲ့ အဝေးပြေးလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တခြား အလောင်းတွေကို ဆက်လက်ရှာဖွေနေပါတယ်။

မြေပြိုတဲ့အထဲမှာ ကြီးမားတဲ့ ကျောက်တုံးတွေ ပါလာပြီး အဝေးပြေးလမ်းပေါ်နဲ့ ချောက်ထဲအထိ ကျရောက်လာတယ်လို့ ကိုလံဘီယာ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)