ဆြီဒင္ႏိုင္ငံသား အဖမ္းခံရမႈ တ႐ုတ္သံအမတ္ႀကီးကို ဆင့္ေခၚ

0
2052

ေဘဂ်င္းကိုသြားတဲ့ ရထားေပၚမွာ ဆြီဒင္ႏိုင္ငံသား တ႐ုတ္လူမ်ိဳး စာအုပ္ထုတ္ေဝသူကို ဖမ္းဆီးေခၚေဆာင္သြားမႈနဲ႔ ပတ္သက္လို႔ ဆြီဒင္အစိုးရက တ႐ုတ္ သံအမတ္ႀကီးကို စေတာ့ဟုမ္းၿမိဳ႕သို႔ ဆင့္ေခၚၿပီး ေျဖရွင္းခ်က္ ေတာင္းခဲ့ပါတယ္။

ဆီြဒင္ႏိုင္ငံသား ဂူအီ မင္ေဟး (၅၃ ႏွစ္) ဟာ ေဟာင္ေကာင္မွာ စာအုပ္ထုတ္ေဝေရး လုပ္ေနသူတစ္ဦးျဖစ္ၿပီး သံတမန္ႏွစ္ဦးနဲ႔ ဇန္နဝါရီလ ၂၀ ရက္ေန႔က ေဘဂ်င္းၿမိဳ႕ကို ရထားနဲ႔ ခရီးသြားေနစဥ္ အရပ္ဝတ္ ၁၀ ဦးက ဘူတာ႐ံုမွာ ဖမ္းဆီးေခၚေဆာင္သြားတာ ျဖစ္ပါတယ္။

အခု ဂူအီ မင္ေဟး အေျခအေန ဘယ္လိုရွိတယ္ဆိုတာ မသိရေသးပါဘူး။ ဂူအီ အဖမ္းခံရၿပီးေနာက္ အေျခအေနက ဆိုးလာေနတယ္လို႔ ဆြီဒင္ ႏိုင္ငံျခားေရး ဝန္ႀကီး မာေဂါ့ ေဝၚလ္စတြန္းက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံေရးသမားေတြ အေၾကာင္းနဲ႔ ပတ္သက္လို႔ စာအုပ္ထုတ္ေဝခဲ့တဲ့ ဂူအီဟာ ႏွစ္ႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ အဖမ္းခံရတာ ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္တုန္းကလည္း ဂူအီဟာ ေနအိမ္ကေန ေပ်ာက္သြားခဲ့ၿပီး တ႐ုတ္ႏိုင္ငံ၊ ထိန္းသိမ္းေရးစခန္းတစ္ခုမွာ ေရာက္ရွိေနခဲ့တာကို ေတြ႔ခဲ့ရပါတယ္။ ဂူအီကို ၿပီးခဲ့တဲ့ ေဆာင္းဦးရာသီမွာ ျပန္လႊတ္ေပးခဲ့ၿပီး အခု ထပ္မံဖမ္းဆီးတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆွီဒင်နိုင်ငံသား အဖမ်းခံရမှု တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်

ဘေဂျင်းကိုသွားတဲ့ ရထားပေါ်မှာ ဆွီဒင်နိုင်ငံသား တရုတ်လူမျိုး စာအုပ်ထုတ်ဝေသူကို ဖမ်းဆီးခေါ်ဆောင်သွားမှုနဲ့ ပတ်သက်လို့ ဆွီဒင်အစိုးရက တရုတ် သံအမတ်ကြီးကို စတော့ဟုမ်းမြို့သို့ ဆင့်ခေါ်ပြီး ဖြေရှင်းချက် တောင်းခဲ့ပါတယ်။

ဆွီဒင်နိုင်ငံသား ဂူအီ မင်ဟေး (၅၃ နှစ်) ဟာ ဟောင်ကောင်မှာ စာအုပ်ထုတ်ဝေရေး လုပ်နေသူတစ်ဦးဖြစ်ပြီး သံတမန်နှစ်ဦးနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဘေဂျင်းမြို့ကို ရထားနဲ့ ခရီးသွားနေစဉ် အရပ်ဝတ် ၁၀ ဦးက ဘူတာရုံမှာ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အခု ဂူအီ မင်ဟေး အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ မသိရသေးပါဘူး။ ဂူအီ အဖမ်းခံရပြီးနောက် အခြေအနေက ဆိုးလာနေတယ်လို့ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီး မာဂေါ့ ဝေါ်လ်စတွန်းက ပြောပါတယ်။

တရုတ်နိုင်ငံရေးသမားတွေ အကြောင်းနဲ့ ပတ်သက်လို့ စာအုပ်ထုတ်ဝေခဲ့တဲ့ ဂူအီဟာ နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် အဖမ်းခံရတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း ဂူအီဟာ နေအိမ်ကနေ ပျောက်သွားခဲ့ပြီး တရုတ်နိုင်ငံ၊ ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ရောက်ရှိနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဂူအီကို ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ပြန်လွှတ်ပေးခဲ့ပြီး အခု ထပ်မံဖမ်းဆီးတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)