ယမကာ ေရာင္းတဲ့ ခရစ္ယာန္တစ္ဦး အစၥလာမ္ ဥပေဒအရ ႀကိမ္ဒဏ္ အ႐ိုက္ခံရ

0
2330

အင္ဒိုနီးရွားႏိုင္ငံ၊ ေရွး႐ိုးစြဲ အာေခ်းခ႐ိုင္မွာ ယမကာ ေရာင္းခ်တဲ့ အင္ဒိုနီးရွား ႏိုင္ငံသား ခရစ္ယာန္ ဘာသာဝင္ ဂ်ိဳႏို အင္ဘိုလြန္ဟာ အစၥလာမ္ ဥပေဒအရ အျပစ္ရွိတယ္ဆိုၿပီး အမ်ားျပည္သူေရွ႕မွာ ဇန္နဝါရီ ၁၉ ရက္ေန႔က ႀကိမ္ဒဏ္ အ႐ိုက္ခံခဲ့ရပါတယ္။

အင္ဒိုနီးရွားရဲ႕ ဘာသာေရးနဲ႔ အာေခ်းျပည္နယ္ရဲ႕ ဘာသာေရး ဥပေဒေတြကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ဆင္ဘိုလြန္ကို မႏွစ္က ေအာက္တိုဘာလမွာ ႀကိမ္ဒဏ္ ၃၆ ခ်က္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ အစၥလာမ္ ဥပေဒစိုးမိုးေရးအတြက္ လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ဘန္ဒါ အာေခ်း ၿမိဳ႕ေတာ္ဝန္ အမင္ႏူလာ အူစမန္က ေျပာပါတယ္။

၂၀၁၄ ခုႏွစ္ကစၿပီး အာေခ်းျပည္နယ္မွာ လက္မထပ္ဘဲ အတူေနမႈ၊ လိင္တူဆက္ဆံမႈနဲ႔ လက္မထပ္ဘဲ အမ်ားျပညသူေရွ႕မွာ ဖက္လဲတကင္းေနမႈေတြကို အျပစ္လို႔ သတ္မွတ္တဲ့ အစၥလာမ္ ဥပေဒကို ျပ႒ာန္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယမကာ ရောင်းတဲ့ ခရစ်ယာန်တစ်ဦး အစ္စလာမ် ဥပဒေအရ ကြိမ်ဒဏ် အရိုက်ခံရ

အင်ဒိုနီးရှားနိုင်ငံ၊ ရှေးရိုးစွဲ အာချေးခရိုင်မှာ ယမကာ ရောင်းချတဲ့ အင်ဒိုနီးရှား နိုင်ငံသား ခရစ်ယာန် ဘာသာဝင် ဂျိုနို အင်ဘိုလွန်ဟာ အစ္စလာမ် ဥပဒေအရ အပြစ်ရှိတယ်ဆိုပြီး အများပြည်သူရှေ့မှာ ဇန်နဝါရီ ၁၉ ရက်နေ့က ကြိမ်ဒဏ် အရိုက်ခံခဲ့ရပါတယ်။

အင်ဒိုနီးရှားရဲ့ ဘာသာရေးနဲ့ အာချေးပြည်နယ်ရဲ့ ဘာသာရေး ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ဆင်ဘိုလွန်ကို မနှစ်က အောက်တိုဘာလမှာ ကြိမ်ဒဏ် ၃၆ ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အစ္စလာမ် ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဘန်ဒါ အာချေး မြို့တော်ဝန် အမင်နူလာ အူစမန်က ပြောပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး အာချေးပြည်နယ်မှာ လက်မထပ်ဘဲ အတူနေမှု၊ လိင်တူဆက်ဆံမှုနဲ့ လက်မထပ်ဘဲ အများပြည်သူရှေ့မှာ ဖက်လဲတကင်းနေမှုတွေကို အပြစ်လို့ သတ်မှတ်တဲ့ အစ္စလာမ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)