
0
550





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပိုင်းလော့ နှစ်ဦး အမေရိကန် စစ်တက္ကသိုလ်မှာ လက်ထပ်တဲ့ ပထမဆုံး လိင်တူစုံတွဲ ဖြစ်လာ

ဝက်စ်ပွိုင့်စစ်တက္ကသိုလ်က လေယာဉ် ပိုင်းလော့ နှစ်ဦးဟာ လက်ထပ်ဖို့ ကတိပြုပြီးတဲ့နောက် အမေရိကန် စစ်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ဆဲ လိင်တူ လက်ထပ်တဲ့ ပထမဆုံး စစ်ဗိုလ် စုံတွဲ ဖြစ်လာခဲ့ပါတယ်။

ဒန်နီယယ် ဟောလ် (၃၀ နှစ်) နဲ့ ဗင့်ဆင့် ဖရန်ချီနို (၂၆ နှစ်) တို့ဟာ ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ဘုရားကျောင်းမှာ မိဘတွေနဲ့ မိတ်ဆွေတွေရှေ့မှောက် သူတို့ရဲ့ မေတ္တာမျှနေမှုကို ကြေညာခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ ၂၀ဝ၉ ခုနှစ်က စတင် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဟောလ်က စီနီယာ၊ ဖရန်ချီနိုက လူသစ်ဖြစ်ပါတယ်။

နှစ်ဦးစလုံးဟာ အပါချီ ရဟတ်ယာဉ် ပိုင်းလော့တွေ ဖြစ်ပြီး လက်ရှိမှာ တက္ကဆက်ရှိ ဖို့ဒ် ဘလစ်မှာ အတူတူ တာဝန်ထမ်းဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)