အႏွစ္ ၄၀ ၾကာ တရားမဝင္ ေနထိုင္မႈနဲ႔ မစ္ခ်ီဂန္က ဆရာဝန္ အဖမ္းခံရ

0
267

သမၼတ ေဒၚနယ္ ထရမ့္ အစိုးရက အေမရိကန္မွာ ေနထိုင္ခြင့္ အစိမ္းေရာင္ကတ္ (Green Card) ကို သက္တမ္းတိုးေပးဖို႔ ျငင္းဆိုလိုက္တဲ့အတြက္ အႏွစ္ ၄၀ နီးပါး ေနထိုင္လာခဲ့တဲ့ လူေလးစားခံရသူ ဆရာဝန္တစ္ဦးကို လူဝင္မႈႀကီးၾကပ္ေရးက ဖမ္းဆီးလိုက္ပါတယ္။

မစ္ခ်ီဂန္ျပည္နယ္၊ ကလာမာဇူးရွိ ေဆး႐ံုတစ္႐ံုမွာ အလုပ္လုပ္ေနတဲ့ ေဒါက္တာ လူးကပ္စ္ နီးစ္ကို လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္က အရာရွိေတြက ေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။

အရင္လို ျပန္ေနထိုင္ခြင့္ ျပဳမလား၊ အေရးယူခံရမလားဆိုတဲ့ ဆံုးျဖတ္ခ်က္ကို ေဒါက္တာ လူးကပ္စ္ နီးစ္ ေထာင္ထဲကေန ေစာင့္ေနရပါတယ္။

အခု ဘရြန္ဆန္ မက္သဒစ္ ေဆး႐ံုမွာ အလုပ္လုပ္ေနတဲ့ ေဒါက္တာ နီးစ္ဟာ မိဘေတြနဲ႔အတူ ၁၉၇၉ ခုႏွစ္မွာ ငါးႏွစ္သား အရြယ္ကတည္းက ပိုလန္ႏိုင္ငံကေန ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။

သူတို႔ အေမရိကန္ကို ေျပာင္းေရႊ႕လာစဥ္က ခရီးေဆာင္အိတ္ ႏွစ္လံုးနဲ႔ ေဒါက္တာ နီးစ္ရဲ႕ အသက္ ေျခာက္ႏွစ္အရြယ္ အစ္မတို႔သာ ပါရွိခဲ့ပါတယ္။ ေဒါက္တာ နီးစ္ရဲ႕ မိဘ ႏွစ္ပါးစလံုးကလည္း ဆရာဝန္ေတြ ျဖစ္ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနှစ် ၄၀ ကြာ တရားမဝင် နေထိုင်မှုနဲ့ မစ်ချီဂန်က ဆရာဝန် အဖမ်းခံရ

သမ္မတ ဒေါ်နယ် ထရမ့် အစိုးရက အမေရိကန်မှာ နေထိုင်ခွင့် အစိမ်းရောင်ကတ် (Green Card) ကို သက်တမ်းတိုးပေးဖို့ ငြင်းဆိုလိုက်တဲ့အတွက် အနှစ် ၄၀ နီးပါး နေထိုင်လာခဲ့တဲ့ လူလေးစားခံရသူ ဆရာဝန်တစ်ဦးကို လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးလိုက်ပါတယ်။

မစ်ချီဂန်ပြည်နယ်၊ ကလာမာဇူးရှိ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ လူးကပ်စ် နီးစ်ကို လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်က အရာရှိတွေက ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အရင်လို ပြန်နေထိုင်ခွင့် ပြုမလား၊ အရေးယူခံရမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေါက်တာ လူးကပ်စ် နီးစ် ထောင်ထဲကနေ စောင့်နေရပါတယ်။

အခု ဘရွန်ဆန် မက်သဒစ် ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ နီးစ်ဟာ မိဘတွေနဲ့အတူ ၁၉၇၉ ခုနှစ်မှာ ငါးနှစ်သား အရွယ်ကတည်းက ပိုလန်နိုင်ငံကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

သူတို့ အမေရိကန်ကို ပြောင်းရွှေ့လာစဉ်က ခရီးဆောင်အိတ် နှစ်လုံးနဲ့ ဒေါက်တာ နီးစ်ရဲ့ အသက် ခြောက်နှစ်အရွယ် အစ်မတို့သာ ပါရှိခဲ့ပါတယ်။ ဒေါက်တာ နီးစ်ရဲ့ မိဘ နှစ်ပါးစလုံးကလည်း ဆရာဝန်တွေ ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)