ကန်သမ္မတသစ် ဒေါ်နယ်ထရမ့် အာရှရေးရာ မဟာဗျူဟာ ပြန်လည်သုံးသပ်ဖို့ မလေးရှား တောင်းဆို

0
298

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အမေရိကန်ရဲ့ အာရှရေးရာ မဟာဗျူဟာကို ပြန်လည်သုံးသပ်ဖို့ မလေးရှား ကာကွယ်ရေးဝန်ကြီးက ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က စင်ကာပူမှာလုပ်တဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ အာရှဒေသတွင်း နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်တွေအတွက် ကုန်ကျစရိတ်ကို အာရှ မဟာမိတ်နိုင်ငံတွေ ပိုမို ကျခံပေးဖို့ဖြစ်ဖြစ် အမေရိကန်တပ်တွေကို ပြန်ခေါ်ဖို့ ဖြစ်ဖြစ် စီစဉ်ပြောဆိုနေတဲ့အတွက် အာရှိနိုင်ငံတချို့အတွက် စိုးရိမ်စရာ ဖြစ်လာနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ အာရှဒေသကို အဓိကဏ္ဍိုင်ထားတဲ့ ၁၂ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ် ကုန်သွယ်ရေး သဘောတူစာချုပ်ကိုလည်း မထောက်ခံတဲ့အတွက် အာရှ-ပစိဖိတ် နိုင်ငံတွေအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။

အခုလို သမ္မသစ်အပြောင်းအလဲ ဖြစ်တဲ့ကာလမှာ အမေရိကန်ရဲ့ အာရှရေးရာ မဟာဗျူဟာပြောင်းလဲရေးအတွက် အာဆီယံနိုင်ငံတွေလည်း ပါဝင်ကြဖို့ မလေးရှား ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)