ဒေါ်လာ(၄)ဘီလျံ နီးပါးကုန်ကျနိုင်တဲ Air Force One လေယာဉ်တွေ တည်ဆောက်သွားမယ်

0
270

တစ်စီးကိုဒေါ်လာ(၄)ဘီလျံနီးပါးကုန်ကျနိုင်တဲ့ Air Force One လေယာဉ်တွေကိုဆောက်လုပ်သွား မှာဖြစ်တဲ့အကြောင်းဘိုးအင်းကုမ္မဏီရဲ့စီအီးအိုဒဲနစ်စ်မူလင်းဘတ်ကဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာမီဒီယာတွေကိုပြောလိုက်ပါတယ်။

air-force-one

ဘိုးအင်းကုမ္မဏီရဲ့စီအီးအိုဖြစ်သူ ဒဲနစ်စ်က ထရမ့်ရဲ့ထက်မြက်တဲ့စီးပွားရေးဦးနှောက်ကို ချီးကျူးခြဲ့ ပီးAir Force One လေယာဉ်ဆောက်လုပ်ဖို့ ဆွေးနွေးရာမှာလည်း တိုးတက်မှုတွေရရှိခဲ့တယ်လို့ သတင်းထောက်တွေကိုပြောလိုက်တာပါ။

Air force one လေယာဉ်ဆောက်လုပ်ရေးဟာနိုင်ငံအတွက်လည်းအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီးဒေါ်နယ် ထရမ့်အနေနဲ့လည်း အကောင်းဆုံးအရည်အသွေးနဲ့စွမ်းရည်ရှိမယ့် Air force one လေယာဉ်ကိုရရှိနိုင်မှာ ဖြစ်တယ်လို့လည်းဘိုးအင်းရဲ့စီအီးအိုဖြစ်သူက ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့Air force One အပြင် F-35 လေယာဉ်တွေကိုလည်းဝယ်ယူဖို့လုပ်ဆောင်နေမှုတွေ ရှိနေပါတယ်။ဘိုးအင်းကုမ္မဏီနဲ့ဆွေးနွေးပွဲမှာအထူးသဖြင့် F-35လေယာဉ်တွေကိုဝယ်ယူရာမှာအသုံးစရိတ် တွေကိုလျှော့ချသွားဖို့လည်းဆွေးနွေးခဲ့တယ်လို့ထရမ့်ကပြောပါတယ်။ F-35 လေယာဉ်တွေကို ထုတ်လုပ်နေတဲ့ကုမ္မဏီ Lockheed Martin ရဲ့စီအီးအိုဖြစ်သူ မယ်ရီလင်းဟျူဆင် လည်းအဆိုပါဆွေးနွေးမှုပါပါဝင်ခဲ့ပြီးတိုးတက်မှုတွေရရှိခဲ့တယ်လို့ဆိုပါတယ်။

F-35 လေယာဉ်ပျံတွေဝယ်ယူရေးဟာလည်းနိုင်ငံလုံခြုံရေးအတွက်အရေးကြီးတဲ့ကိစ္စဖြစ်ပြီးလေယာဉ်ထုတ် လုပ်မှုအတွက်ကုန်ကျစရိတ်ကိုလျှော့ချဖို့လည်းဆွေးနွေးခဲ့တယ်လို့ မယ်ရီလင်းကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)