ဆိုင္ကယ္တစ္စီးတညး္ကို လူ ၅၈ ဦး စီးနင္းကာ ဂင္းနစ္စံခ်ိန္တင္

0
529

အိႏိၵယစစ္တပ္က စစ္သည္  ၅၈ ဦးဟာ ေမာ္ေတာ္ဆိုင္ကယ္ တစ္စီးတည္းကို အသံုးျပဳ စီးနင္းကာ မေန႔ ႏို၀င္ဘာ ၁၉ ရက္ေန႔က ကမာၻ႔စံခ်ိန္ တင္လိုက္ပါတယ္။

ေတာ္နာဒို လို႔ လူသိမ်ားတဲ့ အိႏၵိယ ဆိုင္ကယ္စီးတပ္ဖြဲ႔ဟာ ဆိုိင္ကယ္ေပၚမွာ ၅၈ ဦး တင္ေဆာင္ေမာင္းႏွင္ၿပီး စံခ်ိန္တင္လိုက္တာ ျဖစ္ပါတယ္။ အိႏၵိယအလံတင္ထားတဲ့ ဆိုင္ကယ္မွာ အိႏၵိယအလံ ကိုယ္စားျပဳ အေရာင္ သံုးေရာင္ ခြဲျခားဝတ္ဆင္ထားသူေတြ လိုက္ပါလာၿပီး ေယဟာလန္ကာ ေလတပ္ အေျခစိုက္စခန္းမွာ မီတာ ၁၂၀၀ စီးနင္းျပခဲ့တာ ျဖစ္ပါတယ္။

ေတာ္နာဒို အိႏၵိယ ဆိုင္ကယ္စီးတပ္ဖြဲ႔ဟာ ဂင္းနစ္စံခ်ိန္တင္ႏုိင္ဖုိ႔ ၆ လၾကာ ေလ႔က်င္ခဲ့ၾကပါတယ္။ ေတာ္နာဒို အိႏၵိယ ဆိုင္ကယ္စီးတပ္ဖြဲ႔ဟာ ၂၀၁၀ မွာ လူ ၅၄ စီးနင္းမႈနဲ႔ တစ္ႀကိမ္၊ ၂၀၁၃ မွာ လူ ၅၆ ဦး စီးနင္းမႈနဲ႔ တႀကိမ္ တင္ထားတဲ့ စံခ်ိန္ကို ခ်ိဳးခဲ့ၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆိုင်ကယ်တစ်စီးတညး်ကို လူ ၅၈ ဦး စီးနင်းကာ ဂင်းနစ်စံချိန်တင်

အိန္ဒိယစစ်တပ်က စစ်သည် ၅၈ ဦးဟာ မော်တော်ဆိုင်ကယ် တစ်စီးတည်းကို အသုံးပြု စီးနင်းကာ မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ကမ္ဘာ့စံချိန် တင်လိုက်ပါတယ်။

တော်နာဒို လို့ လူသိများတဲ့ အိန္ဒိယ ဆိုင်ကယ်စီးတပ်ဖွဲ့ဟာ ဆိိုင်ကယ်ပေါ်မှာ ၅၈ ဦး တင်ဆောင်မောင်းနှင်ပြီး စံချိန်တင်လိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယအလံတင်ထားတဲ့ ဆိုင်ကယ်မှာ အိန္ဒိယအလံ ကိုယ်စားပြု အရောင် သုံးရောင် ခွဲခြားဝတ်ဆင်ထားသူတွေ လိုက်ပါလာပြီး ယေဟာလန်ကာ လေတပ် အခြေစိုက်စခန်းမှာ မီတာ ၁၂၀ဝ စီးနင်းပြခဲ့တာ ဖြစ်ပါတယ်။

တော်နာဒို အိန္ဒိယ ဆိုင်ကယ်စီးတပ်ဖွဲ့ဟာ ဂင်းနစ်စံချိန်တင်နိုင်ဖို့ ၆ လကြာ လေ့ကျင်ခဲ့ကြပါတယ်။ တော်နာဒို အိန္ဒိယ ဆိုင်ကယ်စီးတပ်ဖွဲ့ဟာ ၂၀၁၀ မှာ လူ ၅၄ စီးနင်းမှုနဲ့ တစ်ကြိမ်၊ ၂၀၁၃ မှာ လူ ၅၆ ဦး စီးနင်းမှုနဲ့ တကြိမ် တင်ထားတဲ့ စံချိန်ကို ချိုးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)