အေမရိကန္ ေလယာဥ္တင္ သေဘၤာဆီအသြား ေလယာဥ္ ပ်က္က်

0
501

စစ္သည္နဲ႔ ခရီးသည္ ၁၁ ဦး တင္ေဆာင္လာတဲ့ အေမရိကန္ ေရတပ္သံုး ေလယာဥ္တစ္စီး အိုကီနာဝါ အေရွ႕ေတာင္ဘက္ ဂ်ပန္ပင္လယ္ျပင္ထဲကို ဒီေန႔ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ပ်က္က်သြားပါတယ္။

ေလယာဥ္တင္ သေဘၤာ USS ေရာ္နယ္ ေရဂင္ဆီအသြား ပစိဖိတ္သမုဒၵရာထဲကို ပ်က္က်ခဲ့တာ ျဖစ္တယ္လို႔ ေရတပ္က သတင္းထုတ္ျပန္ထားပါတယ္။ ဘာေၾကာင့္ ပ်က္က်ရတယ္ဆိုတာ လတ္တေလာ မသိရေသးဘဲ ေလယာဥ္ေပၚ ပါသြားသူေတြရဲ႕ အမည္ကိုလည္း ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါဘူး။

လူရွစ္ဦးကို ရွာေဖြေတြ႔ရွိတယ္လို႔ ဂ်ပန္ ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာေပမယ့္ ေသသလား၊ ရွင္သလားဆိုတာကိုေတာ့ မေျပာပါဘူး။ US အမွတ္ ၇ ေရတပ္ သေဘၤာအုပ္စုက ေလယာဥ္ပ်က္က်တဲ့ေနရာမွာ ရွာေဖြမႈေတြ စတင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် လေယာဉ်တင် သင်္ဘောဆီအသွား လေယာဉ် ပျက်ကျ

စစ်သည်နဲ့ ခရီးသည် ၁၁ ဦး တင်ဆောင်လာတဲ့ အမေရိကန် ရေတပ်သုံး လေယာဉ်တစ်စီး အိုကီနာဝါ အရှေ့တောင်ဘက် ဂျပန်ပင်လယ်ပြင်ထဲကို ဒီနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပျက်ကျသွားပါတယ်။

လေယာဉ်တင် သင်္ဘော USS ရော်နယ် ရေဂင်ဆီအသွား ပစိဖိတ်သမုဒ္ဒရာထဲကို ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဘာကြောင့် ပျက်ကျရတယ်ဆိုတာ လတ်တလော မသိရသေးဘဲ လေယာဉ်ပေါ် ပါသွားသူတွေရဲ့ အမည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

လူရှစ်ဦးကို ရှာဖွေတွေ့ရှိတယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပေမယ့် သေသလား၊ ရှင်သလားဆိုတာကိုတော့ မပြောပါဘူး။ US အမှတ် ၇ ရေတပ် သင်္ဘောအုပ်စုက လေယာဉ်ပျက်ကျတဲ့နေရာမှာ ရှာဖွေမှုတွေ စတင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)