ႏိုင္ဂ်ီးရီးယား ဗလီကို လူငယ္တစ္ဦး အေသခံဗံုးခြဲတုိက္ခိုက္၊  ၅၀ ထက္မနည္း ေသဆံုး

0
339

ႏိုင္ဂ်ီးရီယားႏုိင္ငံမွာ မေန႔က ႏုိဝင္ဘာ ၂၁ ရက္ေန႔က ဆယ္ေက်ာ္သက္ လူငယ္တစ္ဦးက အေသခံ ဗံုးခြဲတုိက္ခိုက္ခဲ့လို႔ လူေပါင္း ၅၀        ေက်ာ္ ေသဆံုးခဲ့ပါတယ္။  

ႏိုင္ဂ်ီးရီယား မူဘီေဒသရွိ မာဒီနာဗလီထဲမွာ ဆယ္ေက်ာ္သက္လူငယ္က အေသခံ ဗံုးခြဲတုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။ ႏို္င္ဂ်ီးရီယားရဲတပ္ဖြဲ႔က အဲဒီတုိက္ခုိက္မႈဟာ ဘုိကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔ရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ ေျပာထားပါတယ္။

အခုတုိက္ခိုက္မႈဟာ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ျဖစ္ခဲ့တဲ့ ဗံုးခြဲတုိက္ခိုက္မႈေတြထဲမွာ လူေသဆံုးမႈ အမ်ားဆံုးျဖစ္ေစခဲ့တဲ့ တုိက္ခုိက္မႈလည္း ျဖစ္ပါတယ္။   

အရပ္ဘက္ဆုိင္ရာ အဖြဲ႔အစည္းေတြကေတာ့ ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႔ေတြကို ေလေၾကာင္းက ထုိးစစ္ဆင္တုိက္ခုိက္မႈ တုိးျမွင့္လုပ္ေဆာင္ေနတာကို တံု႔ျပန္တဲ့ တုိက္ခုိက္မႈျဖစ္ႏုိင္တယ္လို႔ ေျပာပါတယ္။

ႏုိင္ဂ်ီးရီယားႏုိင္ငံမွာ ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႔ရဲ႕ ပစ္မွတ္ထား တုိက္ခိုက္မႈေတြ မၾကာခဏ ျဖစ္ေပၚေနၿပီး အခုတုိက္ခိုက္မႈနဲ႔ ပတ္သတ္လို႔ ဘုိုကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ဂျီးရီးယား ဗလီကို လူငယ်တစ်ဦး အသေခံဗုံးခွဲတိုက်ခိုက်၊ ၅၀ ထက်မနည်း သေဆုံး

နိုင်ဂျီးရီယားနိုင်ငံမှာ မနေ့က နိုဝင်ဘာ ၂၁ ရက်နေ့က ဆယ်ကျော်သက် လူငယ်တစ်ဦးက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ဂျီးရီယား မူဘီဒေသရှိ မာဒီနာဗလီထဲမှာ ဆယ်ကျော်သက်လူငယ်က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နိ်ုင်ဂျီးရီယားရဲတပ်ဖွဲ့က အဲဒီတိုက်ခိုက်မှုဟာ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။

အခုတိုက်ခိုက်မှုဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်စေခဲ့တဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့တွေကို လေကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတာကို တုံ့ပြန်တဲ့ တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နိုင်ဂျီးရီယားနိုင်ငံမှာ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ ဘိုုကိုဟာရမ် စစ်သွေးကြွအဖွဲ့က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)