
0
501




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လမ်းခွဲလိုက်ပေမယ့် အနုပညာအလုပ်တွေ အတူတွဲလုပ်မယ့် လီမင်ဟို နဲ့ ဆူဇီ

တောင်ကိုရီးယား နာမည်ကြီးမင်းသား လီမင်ဟိုနဲ့ မင်းသမီး၊ အဆိုတော်ဖြစ်သူ ဆူဇီတို့ဟာ လမ်းခွဲလိုက်ပေမယ့် အနုပညာအလုပ်တွေ အတူတွဲဖက်လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

လီမင်ဟိုနဲ့ ဆူဇီတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လမ်းခွဲခဲ့မှုကို ကြေညာခဲ့တာဖြစ်ပြီး လီမင်ဟိုရဲ့ အေဂျင်စီ MYM က လမ်းခွဲမှုကို အတည်ပြုခဲ့ပါတယ်။ လီမင်ဟိုနဲ့ ဇူဆီတို့ဟာ ၂၀၁၅ ခုနှစ်မတ်လက ချစ်သူအဖြစ် တရားဝင် လူသိရှင်ကြား တွဲခဲ့ပြီးနောက် နှစ်နှစ် အကြာမှာ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။

လီမင်ဟိုဟာ လက်ရှိအချိန်မှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေပေမယ့် ဇူဆီကတော့ While You Were Sleeping ဒရာမာကားကို ရိုက်ကူးနေပါတယ်။ လီမင်ဟိုနဲ့ ဇူဆီတို့ လမ်းခွဲရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြတာ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)