ဘာလီကၽြန္း မီးေတာင္လႈပ္ရွားမႈေၾကာင့္ လူေထာင္ခ်ီ ထြက္ေျပး

0
424

အင္ဒိုနီးရွား ဘာလီကၽြန္းမွာ ေနထုိင္တဲ့ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြဟာ မီးေတာင္လႈပ္ရွားမႈေတြ ျဖစ္ခဲ့ၿပီးေနာက္ စိုးရိမ္ေၾကာက္ရြံမႈေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနပါတယ္။

ဘာလီကၽြန္းမွာရွိတဲ့ အာဂြန္မီးေတာင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ႏွစ္ေပါင္း ၅၀ အတြင္း ပထမဆံုးအႀကိမ္ လႈတ္ခတ္မႈေတြ ျဖစ္ခဲ့ပါတယ္။  ၁၉၆၃ ခုႏွစ္က မီးေတာင္ ေခ်ာ္ရည္ပူေတြ က်ဆင္းမႈေၾကာင့္ လူေပါင္း ၁၆၀၀ ေသဆံုးခဲ့ဖူးပါတယ္။  

မီးေတာင္လႈပ္ခဲ့မႈအေပၚ စိုးရိမ္တာၾကာင့္ စက္တင္ဘာအတြင္းကလည္း လူေပါင္း ၁၄၀၀၀၀  ဟာ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းခဲ့ေပမယ့္ လက္ရွိမွာ ျပန္လည္အေျခခ် ေနထိုင္ခဲ့ပါတယ္။

အခု ထပ္မံလႈပ္ခတ္မယ့္ အရိပ္ေယာင္ေတြ ရွိေနတာေၾကာင့္ လူေပါင္း ၃၀၀၀၀ ဟာ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့တယ္လို႔ ေဒသအတြင္း မီဒီယာေတြက ေဖာ္ျပပါတယ္။

အင္ဒုိနီးရွား သဘာဝ ေဘးအႏၱရာယ္ ဆုိင္ရာအဖြဲ႔ေတြက မီးေတာင္မွာ ထပ္မံလႈပ္ခတ္မႈေတြ ရွိေနတာေၾကာင့္  ေပါက္ကြဲလာတဲ့ အေျခေနမ်ိဳးေတြ ရွိေနတယ္လို႔ သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘာလီကျွန်း မီးတောင်လှုပ်ရှားမှုကြောင့် လူထောင်ချီ ထွက်ပြေး

အင်ဒိုနီးရှား ဘာလီကျွန်းမှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မီးတောင်လှုပ်ရှားမှုတွေ ဖြစ်ခဲ့ပြီးနောက် စိုးရိမ်ကြောက်ရွံမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေပါတယ်။

ဘာလီကျွန်းမှာရှိတဲ့ အာဂွန်မီးတောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် လှုတ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်က မီးတောင် ချော်ရည်ပူတွေ ကျဆင်းမှုကြောင့် လူပေါင်း ၁၆၀ဝ သေဆုံးခဲ့ဖူးပါတယ်။

မီးတောင်လှုပ်ခဲ့မှုအပေါ် စိုးရိမ်တာကြာင့် စက်တင်ဘာအတွင်းကလည်း လူပေါင်း ၁၄၀ဝ၀ဝ ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ပေမယ့် လက်ရှိမှာ ပြန်လည်အခြေချ နေထိုင်ခဲ့ပါတယ်။ အခု ထပ်မံလှုပ်ခတ်မယ့် အရိပ်ယောင်တွေ ရှိနေတာကြောင့် လူပေါင်း ၃၀ဝ၀ဝ ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ ဒေသအတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာအဖွဲ့တွေက မီးတောင်မှာ ထပ်မံလှုပ်ခတ်မှုတွေ ရှိနေတာကြောင့် ပေါက်ကွဲလာတဲ့ အခြေနေမျိုးတွေ ရှိနေတယ်လို့ သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)