လီဗာပူးနဲ႔ ပြဲ ျပင္ဆင္ခ်ိန္ မလံုေလာက္တာေၾကာင့္ နည္းျပ ကြန္တီ ေဒါသျဖစ္

0
354

ခ်ဲလ္ဆီးနည္းျပ ကြန္တနီဟာ စေနေန႔မွာ လီဗာပူးနဲ႔ ကစားမယ့္ ပရီးမီယားလိဂ္ပြဲမွာ ျပင္ဆင္ခ်ိန္ နည္းပါးမႈအတြက္ ပြဲစဥ္ဇယား ေရးဆြဲသူေတြအေပၚ စိတ္ဆုိးေဒါသျဖစ္ေနပါတယ္။   

ခ်ဲလ္ဆီးအသင္းဟာ ၾကာသပေတးေန႔မွာ ကြာရာဘတ္နဲ႔  ခ်န္ပီယံလိဂ္ သြားေရာက္ကစားရာမွာ ျဖစ္ၿပီး ျပန္လာခ်ိန္မွာ လီဗာပူးနဲ႔ ပြဲကစားဖို႔ ျပင္ဆင္ခ်ိန္ တစ္ရက္သာ ရရွိမွာျဖစ္တယ္လို႔ နည္းျပကြန္တီက ေျပာပါတယ္။  

ကြန္တီက ပရီးမီးယားလိဂ္ တာ၀န္ရွိသူမ်ားနဲ႔  ရုပ္သံတီဗီကုမၸဏီမ်ားမွာ မိမိတို႔အသင္းကို ေလးစားမႈ မျပသခဲ့ဘူးလို႔ စြပ္စြဲေျပာဆိုခဲ့တယ္။ နည္းျပကြန္တီက  အခုရာသီမွာ  ဒီလိုျဖစ္တာ ႏွစ္ႀကိမ္ရွိေနၿပီး ပထမ အခ်ိန္တုန္းက မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

မန္စီးတီးနဲ႔ မကစားခင္ ခ်ဲလ္ဆီးဟာ အက္သလက္တီကို ကြင္းကို ခ်န္ပီယံလိဂ္ပြဲအျဖစ္ သြားကစားခဲ့ရၿပီး ျပန္လာေတာ့ သိပ္မၾကာခင္မွာပဲ မန္စီးတီးနဲ႔ ကစားခဲ့ရတာေၾကာင့္ ျပင္ဆင္ခ်ိန္ နည္းခဲ့တယ္လို႔ နည္းျပကြန္တီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လီဗာပူးနဲ့ ပွဲ ပြင်ဆင်ချိန် မလုံလောက်တာကြောင့် နည်းပြ ကွန်တီ ဒေါသဖြစ်

ချဲလ်ဆီးနည်းပြ ကွန်တနီဟာ စနေနေ့မှာ လီဗာပူးနဲ့ ကစားမယ့် ပရီးမီယားလိဂ်ပွဲမှာ ပြင်ဆင်ချိန် နည်းပါးမှုအတွက် ပွဲစဉ်ဇယား ရေးဆွဲသူတွေအပေါ် စိတ်ဆိုးဒေါသဖြစ်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ကြာသပတေးနေ့မှာ ကွာရာဘတ်နဲ့ ချန်ပီယံလိဂ် သွားရောက်ကစားရာမှာ ဖြစ်ပြီး ပြန်လာချိန်မှာ လီဗာပူးနဲ့ ပွဲကစားဖို့ ပြင်ဆင်ချိန် တစ်ရက်သာ ရရှိမှာဖြစ်တယ်လို့ နည်းပြကွန်တီက ပြောပါတယ်။

ကွန်တီက ပရီးမီးယားလိဂ် တာဝန်ရှိသူများနဲ့ ရုပ်သံတီဗီကုမ္ပဏီများမှာ မိမိတို့အသင်းကို လေးစားမှု မပြသခဲ့ဘူးလို့ စွပ်စွဲပြောဆိုခဲ့တယ်။ နည်းပြကွန်တီက အခုရာသီမှာ ဒီလိုဖြစ်တာ နှစ်ကြိမ်ရှိနေပြီး ပထမ အချိန်တုန်းက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မန်စီးတီးနဲ့ မကစားခင် ချဲလ်ဆီးဟာ အက်သလက်တီကို ကွင်းကို ချန်ပီယံလိဂ်ပွဲအဖြစ် သွားကစားခဲ့ရပြီး ပြန်လာတော့ သိပ်မကြာခင်မှာပဲ မန်စီးတီးနဲ့ ကစားခဲ့ရတာကြောင့် ပြင်ဆင်ချိန် နည်းခဲ့တယ်လို့ နည်းပြကွန်တီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)