
0
425





အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနုချင်းက  မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယား အစီစဉ်တွေကို ကူညီပံပိုးမှုရှိနေတဲ့ လူတွေနဲ့ မြောက်ကိုရီးယားကို ပြစ်ဒဏ် ထပ်ပေးလိုက်တာ ဖြစ်တယ်လို့ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နဲ့ မြောက်ကိုရီးယား ကုမ္ပဏီ ၁၃ ခုကို အမေရိကန် ပိတ်ဆို့မှု ချမှတ်

အမေရိကန်နိုင်ငံက တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံ ကုမ္ပဏီ ၁၃ ကို ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မြောက်ကိုရီးယားကို အကြမ်းဖက်ကို အားပေးတဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီးနောက် တစ်ရက် အကြာမှာပဲ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက အခုလို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယား အစီစဉ်တွေမှာ ပါဝင်ကူညီနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် အခုလို ပိတ်ဆို့မှုချမှတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှုကို ထိခိုက်စေဖို့ ရည်ရွယ်ကာ ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနုချင်းက မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယား အစီစဉ်တွေကို ကူညီပံပိုးမှုရှိနေတဲ့ လူတွေနဲ့ မြောက်ကိုရီးယားကို ပြစ်ဒဏ် ထပ်ပ်ပေးလိုက်တာ ဖြစ်တယ်လို့ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)