အေမရိကန္ရွိ တကၠသိုလ္ အေဆာက္ဦး ၾကမ္းခင္းၿပိဳက် လူ ၂၃ ဦးဒဏ္ရာရ

0
930

အေမရိကန္ႏိုင္ငံ ေတာင္ကာ႐ုိလုိင္းနာရွိ စီလမ္မြန္ တကၠသိုလ္အေဆာက္ဦး ၾကမ္းခင္းၿပိဳက်ခဲ့လို႔ အနည္းဆံုး လူ ၃၀ ဒဏ္ရာရသြားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ တကၠသိုလ္အတြင္း ႏွစ္စဥ္က်င္းပေနတဲ့ ပါတီပြဲ က်င္းပေနခ်ိန္မွာ ၾကမ္းခင္းၿပိဳက်ခဲ့တာ ျဖစ္ပါတယ္။ အေဆာက္ဦး ၾကမ္းခင္းၿပိဳက်ခဲ့လုိ႔ ပါတီပြဲကို တက္ေရာက္သူအမ်ားစုဟာ အ႐ုိးေတြ က်ိဳးခဲ့ရတယ္လို႔ တကၠသိုလ္အာဏာပိုင္ေတြက ေျပာပါတယ္။

ၾကမ္းခင္းတစ္ခုလံုး ၿပိဳက်သြားခဲ့တာျဖစ္ၿပီး လူေပါင္း ၂၃ ဦးကို ေဆး႐ုံကို တင္ပို႔ခဲ့ရတယ္လို႔ တကၠသိုလ္ေက်ာင္းသားတစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ရှိ တက္ကသိုလ် အဆောက်ဦး ကြမ်းခင်းပြိုကျ လူ ၂၃ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနာ ရှိ စီလမ်မွန် တက္ကသိုလ် အဆောက်ဦး ကြမ်းခင်းပြိုကျခဲ့လို့ အနည်းဆုံး လူ ၃၀ ဒဏ်ရာရသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဆိုပါ တက္ကသိုလ်အတွင်း နှစ်စဉ်ကျင်းပနေတဲ့ ပါတီပွဲ ကျင်းပနေချိန်မှာ ကြမ်းခင်းပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဆောက်ဦး ကြမ်းခင်းပြိုကျခဲ့လို့ ပါတီပွဲကို တက်ရောက်သူအများစုဟာ အရိုးတွေ ကျိုးခဲ့ရတယ်လို့ တက္ကသိုလ်အာဏာပိုင်တွေက ပြောပါတယ်။

ကြမ်းခင်းတစ်ခုလုံး ပြိုကျသွားခဲ့တာဖြစ်ပြီး လူပေါင်း ၂၃ ဦးကို ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)