အိႏၵိယမွာ ေမ်ာက္ေတြက ေက်ာက္ခဲနဲ႔ ဝိုင္းေပါက္လို႔ အဘုိးအိုတစ္ဦး ေသဆံုး

0
161

အိႏၵိယႏိုင္ငံမွာ သစ္ပင္ေပၚက ေမ်ာက္အုပ္စုက ေက်ာက္ခဲေတြနဲ႔ ဝိုင္းေပါက္လို႔ လူတစ္ဦး ေသဆံုးသြားခဲ့ပါတယ္။

ဥတၱရာ ပရာေဒ့ရွ္ျပည္နယ္ တီကရီမွာ ေအာက္တိုဘာ ၁၈ ရက္ေန႔က ဒါရမ္ပါဆင္း (၇၂ ႏွစ္)ဟာ ထင္းလိုက္ေကာက္ေနစဥ္ အခုလို ခဲနဲ႔ ဝိုင္းေပါက္ခံရတာ ျဖစ္ပါတယ္။ အေဆာက္အအံုပ်က္ တစ္ခုအနီး ထင္းလိုက္ေကာက္ေနစဥ္ သစ္ပင္ေပၚက ေမ်ာက္ေတြက ခဲမိုးရြာခ်လိုက္တာ ျဖစ္တယ္လို႔ ရဲေတြက ေျပာပါတယ္။

အဘိုးအိုဟာ ေဆး႐ံုကို ေရာက္ခဲ့ေပမယ့္ ေခါင္းနဲ႔ ရင္ဘတ္က ဒဏ္ရာေတြေၾကာင့္ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ဝန္းက်င္မွာ ရန္လိုတဲ့ေမ်ာက္ေတြနဲ႔ ပတ္သက္ၿပီး ေက်းရြာကလူေတြက မၾကာခဏ တိုင္ၾကားခဲ့ေပမယ့္ အဲဒီ ေမ်ာက္ေတြကို အာဏာပိုင္ေတြက အကာအကြယ္ေပးရမယ့္ တိရစာၦန္ေတြအျဖစ္ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယမှာ မျောက်တွေက ကျောက်ခဲနဲ့ ဝိုင်းပေါက်လို့ အဘိုးအိုတစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံမှာ သစ်ပင်ပေါ်က မျောက်အုပ်စုက ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်လို့ လူတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ် တီကရီမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဒါရမ်ပါဆင်း (၇၂ နှစ်)ဟာ ထင်းလိုက်ကောက်နေစဉ် အခုလို ခဲနဲ့ ဝိုင်းပေါက်ခံရတာ ဖြစ်ပါတယ်။ အဆောက်အအုံပျက် တစ်ခုအနီး ထင်းလိုက်ကောက်နေစဉ် သစ်ပင်ပေါ်က မျောက်တွေက ခဲမိုးရွာချလိုက်တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

အဘိုးအိုဟာ ဆေးရုံကို ရောက်ခဲ့ပေမယ့် ခေါင်းနဲ့ ရင်ဘတ်က ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဝန်းကျင်မှာ ရန်လိုတဲ့မျောက်တွေနဲ့ ပတ်သက်ပြီး ကျေးရွာကလူတွေက မကြာခဏ တိုင်ကြားခဲ့ပေမယ့် အဲဒီ မျောက်တွေကို အာဏာပိုင်တွေက အကာအကွယ်ပေးရမယ့် တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)