
0
1078




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျူဗင်တပ်နဲ့ ပွဲကို တိုက်စစ်ဆင် ကစားဖို့ အက်ရှ်ယန်း တိုက်တွန်း

မန်ယူ အသင်းခေါင်းဆောင် အက်ရှ်လေ ယန်းက ဂျူဗင်တပ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အောက်တိုဘာ ၂၀ ရက်နေ့က ချဲလ်ဆီးနဲ့ကစားတဲ့ပွဲက ခြေစွမ်းအတိုင်း ကစားဖို့နဲ့ တိုက်စစ်ဆင် ကစားဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ ဂျူဗင်တပ်နဲ့ မနက်ဖြန် အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဂျူဗင်တပ်နဲ့ ပွဲမှာ အကောင်းဆုံးယှဉ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေကြောင်း၊ ဂျူဗင်တပ်ကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း အက်ရှ်လေယန်းက ပြောပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုဟာ ခံစစ်အသားပေး ကစားဟန်ကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရချိန်မှာ အက်ရှ်လေယန်းက တိုက်စစ်ဆင်ကစားဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)