ေရႊ႕ေျပာင္း ဝင္ေရာက္လာတဲ့ လူအုပ္ႀကီးကို မကၠဆီကို ရဲတပ္ဖြဲ႔ တားဆီး

0
956

မကၠဆီကို ရဲတပ္ဖြဲ႔႔ဟာ အေမရိကန္ႏုိင္ငံကို ဦးတည္လာတဲ့ေနတဲ့ အေမရိကအလယ္ပိုင္းက လူအစုလိုက္ အၿပံဳလုိက္ ပါဝင္တဲ့ ေရႊ႕ေျပာင္းဝင္ေရာက္မယ့္ လူအုပ္ႀကီးကို တားဆီးခဲ့ပါတယ္။

မကၠဆီကို နယ္စပ္ေဒသကို ေရာက္ရွိခ်ိန္မွာ ေရႊ႕ေျပာင္း ဝင္ေရာက္သူေတြထဲက တခ်ိဳ႕ဟာ ဂြာတီမာ-မကၠဆီကို နယ္စပ္ ၿခံစည္း႐ိုးကို ျဖတ္ေက်ာ္ခဲ့ေပမယ့္ မကၠဆီကို အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲေတြက တားဆီးခဲ့ပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကေတာ့ အေမရိကန္ႏုိင္ငံထဲ ဝင္ေရာက္ဖုိ႔ ႀကိဳးပမ္းတဲ့ လူအုပ္ႀကီးကို မကၠဆီကို ရဲတပ္ဖြဲ႔က တားဆီးေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။

ေရႊ႕ေျပာင္းဝင္ေရာက္မယ့္ လူအုပ္ႀကီးထဲမွာ ဟြန္ဒူးရပ္စ္ႏိုင္ငံက လူေတြ အမ်ားဆံုး ပါဝင္ၿပီး ဆင္းရဲမႈနဲ႔ အၾကမ္းဖက္မႈ ျပႆနာေတြေၾကာင့္ အေမရိကန္ႏုိင္ငံထဲကို ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး လူအုပ္ႀကီးထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးေတြ ပါဝင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေ့ပြောင်း ဝင်ရောက်လာတဲ့ လူအုပ်ကြီးကို မက္ကဆီကို ရဲတပ်ဖွဲ့ တားဆီး

မက္ကဆီကို ရဲတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံကို ဦးတည်လာတဲ့နေတဲ့ အမေရိကအလယ်ပိုင်းက လူအစုလိုက် အပြုံလိုက် ပါဝင်တဲ့ ရွှေ့ပြောင်းဝင်ရောက်မယ့် လူအုပ်ကြီးကို တားဆီးခဲ့ပါတယ်။

မက္ကဆီကို နယ်စပ်ဒေသကို ရောက်ရှိချိန်မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေထဲက တချို့ဟာ ဂွာတီမာ-မက္ကဆီကို နယ်စပ် ခြံစည်းရိုးကို ဖြတ်ကျော်ခဲ့ပေမယ့် မက္ကဆီကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက တားဆီးခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ လူအုပ်ကြီးကို မက္ကဆီကို ရဲတပ်ဖွဲ့က တားဆီးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်မယ့် လူအုပ်ကြီးထဲမှာ ဟွန်ဒူးရပ်စ်နိုင်ငံက လူတွေ အများဆုံး ပါဝင်ပြီး ဆင်းရဲမှုနဲ့ အကြမ်းဖက်မှု ပြဿနာတွေကြောင့် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး လူအုပ်ကြီးထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)