
0
1082




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်ဝမ်မှာ ရထားလမ်းချော်မှု လူ ၂၂ ဦးသေဆုံး

ထိုင်ဝမ် အရှေ့မြောက်ပိုင်းမှာ ခရီးသည်တင် ရထားတစ်စီး လမ်းချော်ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး ၁၇၀ ဒဏ်ရာရသွားခဲ့ပါတယ်။

မီးရထား အာဏာပိုင်တွေက ရထားလမ်းချော်ရတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ရထားဟာ တိုင်ပေနဲ့ အရှေ့ဘက်ပိုင်းဒေသ တိုင်တောင်ကို သွားရောက်တာဖြစ်ပြီး ယီလမ်ဒေသ အရောက်မှာ ရထားလမ်းချော်ခဲ့တာ ဖြစ်ပါတယ်။ ရထားပေါ်မှာ လူပေါင်း ၃၆၆ ဦး လိုက်ပါလာပါတယ်။

ရထားဟာ သက်တမ်း ၆ နှစ်သာ ရှိသေးပြီး ကြံ့ခိုင်မှုပိုင်း အခြေအနေ ကောင်းမွန်ရှိကြောင်း၊ လမ်းချော်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း ထိုင်ဝမ် မီးရထား အာဏာပိုင်အဖွဲ့ ဒုတိယ အကြီးအကဲက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)