ေဆာ္ဒီ ဂ်ာနယ္လစ္ သတ္ျဖတ္ခံရမႈ ေျဖရွင္းဖို႔ ကမာ႔ၻေခါင္းေဆာင္ေတြ ေတာင္းဆုိ

0
733

သတ္ျဖတ္ခံလိုက္ရတယ္လို႔ ယူဆရတဲ့ ေဆာ္ဒီအာေရဗ် ဂ်ာနယ္လစ္ ဂ်မယ္ ခါေရွာ့ဂီ အမႈနဲ႔ပတ္သက္ၿပီး ပိုၿပီး အေသးစိတ္က်က် ထုတ္ေဖာ္ေပးဖို႔ ေဆာ္ဒီအာေရဗ် အစိုးရကို ကမာၻ႔ႏိုင္ငံ ေခါင္းေဆာင္ေတြက ေတာင္းဆိုလိုက္ပါတယ္။

မစၥတာ ခါေရွာ့ဂီ ေပ်ာက္ဆံုးမႈနဲ႔ ပတ္သက္ၿပီး သူဟာ အစၥတန္ဘူၿမိဳ႕က ေဆာ္ဒီအာေရဗ် ေကာင္စစ္ဝန္႐ုံးမွာ ခိုက္ရန္ျဖစ္ပြားမႈအတြင္း ေသဆုံးခဲ့တယ္လို႔ ေဆာ္ဒီအာေရဗ် အစိုးရက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ အန္ဂ်လာ မာကယ္လ္ကေတာ့ အဲဒီသတ္ျဖတ္မႈကို ရႈတ္ခ်ေၾကာင္းနဲ႔ မစၥတာ ခါေရွာ့ဂီ ေသဆုံးမႈရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာေအာင္လုပ္ဖို႔ ေၾကညာခ်က္ တစ္ရပ္ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ျပင္သစ္ ႏိုင္ငံျခားေရးဝန္ႀကီး ယန္းယုဗ္ေလဒရီယန္ကလည္း အမႈနဲ႔ပတ္သက္တဲ့ အေသးစိတ္ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ေတာင္းဆိုလိုက္ၿပီး အခုခ်ိန္မွာ ေမးစရာေမးခြန္းေတြ အမ်ားႀကီး ရွိေနဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆော်ဒီ ဂျာနယ်လစ် သတ်ဖြတ်ခံရမှု ဖြေရှင်းဖို့ ကမာ့္ဘခေါင်းဆောင်တွေ တောင်းဆို

သတ်ဖြတ်ခံလိုက်ရတယ်လို့ ယူဆရတဲ့ ဆော်ဒီအာရေဗျ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီ အမှုနဲ့ပတ်သက်ပြီး ပိုပြီး အသေးစိတ်ကျကျ ထုတ်ဖော်ပေးဖို့ ဆော်ဒီအာရေဗျ အစိုးရကို ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

မစ္စတာ ခါရှော့ဂီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သူဟာ အစ္စတန်ဘူမြို့က ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးမှာ ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေဆုံးခဲ့တယ်လို့ ဆော်ဒီအာရေဗျ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်ကတော့ အဲဒီသတ်ဖြတ်မှုကို ရှုတ်ချကြောင်းနဲ့ မစ္စတာ ခါရှော့ဂီ သေဆုံးမှုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာအောင်လုပ်ဖို့ ကြေညာချက် တစ်ရပ်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်းယုဗ်လေဒရီယန်ကလည်း အမှုနဲ့ပတ်သက်တဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုလိုက်ပြီး အခုချိန်မှာ မေးစရာမေးခွန်းတွေ အများကြီး ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)