
0
969




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီးယား စာချုပ်ကနေ ထွက်ဖို့ စီစဉ်တဲ့ အမေရိကန်ကို ရုရှား ပြစ်တင် ရှုတ်ချ

စစ်အေးခတ်ကာလအတွင်း ချုပ်ဆိုထားတဲ့ နျူကလီးယား စာချုပ်ကနေ နုတ်ထွက်မယ်ဆိုတဲ့ အမေရိကန်ရဲ့ အစီအစဉ်ကို ရုရှားက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ရုရှားက အမေရိကန်ရဲ့ အလွန်အန္တရာယ်ရှိတဲ့ ခြေလှမ်းအတွက် လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၁၉၈၇ ခုနှစ်တုန်းက ရုရှားနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယား စာချုပ်ကနေ ထွက်မယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ပြောခဲ့ပါတယ်။

အဲဒီစာချုပ်မှာ မိုင်ပေါင်း ၃၁၀ နဲ့ ၃၄၀ဝ အကွာအဝေးအထိ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်လုပ်ဆောင်မှုကို ပိတ်ပင်ထားပေမယ့် ရုရှားကတော့ စာချုပ်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)