0
1541
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
၀န်ကြီးချုပ်အာဘေး အစိုးရအဖွဲ့နဲ့ အာဏာရပါတီကို အပြောင်းလဲလုပ်မယ်
ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုးအာဘေးဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သူ့ရဲ့ ဝန်ကြီးအဖွဲ့နဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အဓိကရာထူးနေရာတွေကို အပြောင်းအလဲလုပ်မှာ ဖြစ်ပါတယ်။
အဲဒီလို အပြောင်းအလဲကို အောက်တိုဘာ ၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ တာ့ရိုအာ့စိုနဲ့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှိဟိဒဲ့စုဂါ့တို့ဟာ မူလရာထူးတွေကို ပြန်လည်ရရှိမယ့်ပုံ ရှိပါတယ်။ မစ္စတာအာ့စိုနဲ့ မစ္စတာစုဂါ့တို့ဟာ ဝန်ကြီးချုပ် အာဘဲရဲ့ ဒုတိယမြောက် အစိုးရအဖွဲ့ ဖွဲ့ကတည်းက ပါလာခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အာဘေးက ကလေးမွေးဖွားနှုန်း ကျဆင်းနေမှုနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့သူ အရေအတွက် များပြားလာနေတဲ့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတာနဲ့ ခက်ခဲလှတဲ့ နိုင်ငံတကာအခြေအနေတွေကို ကိုင်တွယ်သွားမယ်လို့လည်း ပြောပါသေးတယ်
။ အဲဒါအပြင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြင်ဆင်မှုမလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားမယ်ဆိုတာကိုလည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)